Homeပြည်တွင်းသတင်းနေပြည်တော်မှာ ဝန်ထမ်းတွေ ထိခိုက်သေဆုံးမှု စာရင်း စစ်ကောင်စီ အမှောင်ချထား

နေပြည်တော်မှာ ဝန်ထမ်းတွေ ထိခိုက်သေဆုံးမှု စာရင်း စစ်ကောင်စီ အမှောင်ချထား

ဧပြီ၊ ၂၀၂၅

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်အတွင်း နေပြည်တော်မှာရှိတဲ့ ဝန်ကြီးဌာန အဆောက်အုံတွေ၊ အစိုးရ နဲ့ လွှတ်တော်ဆိုင်ရာအဆောက်အအုံတွေနဲ့ ဝန်ထမ်းလိုင်းခန်းတွေ ပြိုကျပျက်စီခဲ့တာကြောင့် သေဆုံးသူဟာ အနည်းဆုံး ၁၀၀ ကျော်ရှိတယ်လို့ နေပြည်တော် သတင်းရင်းမြစ်က New Day Myanmar ကိုပြောပါတယ်။

ဒါဟာ အရပ်သားတွေ ထိခိုက်မှုမဟုတ်ဘဲ ဝန်ထမ်းတွေချည်းသေဆုံးတဲ့ စာရင်ဖြစ်တယ်လို့ဆိုပါတယ်။

“အဲ့ဒီနေ့ ငလျင်လှုပ်တဲ့အချိန်မှာ ဝန်ကြီးဌာနတွေမှာ အစည်းအဝေးတွေ လုပ်နေကြတဲ့ အချိန်ဖြစ်တယ်။ အဆောက်အဦးတွေ ပြိုကျတာ ထိခိုက်သေဆုံးတာမှ အများကြီးပဲ၊ နောက်ပြီး ဝန်ထမ်းအိမ်ယာတွေ ပြိုကျပြီး သေဆုံးတာ စုစုပေါင်း ၁၀၀ ကျော်တော့ ရှိတယ်။”လို့ နေပြည်တော် သတင်းရင်းမြစ်က New Day ​Myanmar ကိုပြောပါတယ်။

နေပြည်တော်မှာ ငလျင်စတင်လှုပ်ခတ်တဲ့ မတ်လ ၂၈ ရက်မှာပဲ အစည်းအဝေးလုပ်နေတုန်း မီးဆိုင်းပြတ်ကျလို့ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်း ဝန် ဦးညွန့်ဝင်း သေဆုံးပြီး၊ အလုပ်သမားဝန်ကြီး ဦးချစ်ဆွေအပါအဝင် ရုံးဝန်ထမ်းတွေထိခိုက်ခဲ့ပါတယ်။

အဲ့ဒီနေ့မှာပဲ ဝန်ကြီးဌာနအတော်များများမှာ အစည်းအဝေးလုပ်နေချိန်ဖြစ်တာကြောင့် ထိခိုက် သေဆုံးမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

ဓါတ်ပုံ – လူမှုကွန်ရက်

ဆက်စပ် သတင်းများ

Most read