နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ခရီးသည်တင် ကားတဦး လမ်းဘေးက သစ်ပင်ကို ဝင်တိုက်မှု ဒီဇင်ဘာ ၁၉ ရက် မနက် ၈ နာဦးလောက်က ဖြစ်ပွားခဲ့ပါတယ်။
ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းဘေး စိမ်းစားပင်လမ်းအနီး သာယာစုကျေးရွာထိပ်မှာ အဲ့ဒီယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ၈ ဦးပြင်းထန် ဒဏ်ရာတွေ ရခဲ့တယ်လို့ သိရဂပါတယ်။
“၈ ယောက် ဒဏ်ရာတွေ ရပါတယ်။ ကလေး တယောက်ပါတယ်။ နေပြည်တော် ဆေးရုံကိုပို့ပေးလိုက်ပါတယ်။”လို့ ကူညီပေးခဲ့သူ တဦးက ကပြောပါတယ်။
ဒဏ်ရာရရှိသူတွေကို များကို ကရုဏာရှင်လူမူကူညီရေးအသင်းက နေပြည်တော်ပြည်သူ့ဆေးရုံကြီး ကုတင် (၁၀၀၀) ကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ကြောင်း သိရသည်။
ဓါတ်ပုံ – ကရုဏာရှင်လူမူကူညီရေးအသင်း


