Homeပြည်တွင်းသတင်းနေပြည်တော်မြို့အင်္ဂါရပ်နဲ့မညီလို့ ဆိုပြီး ဝန်ထမ်းတွေကို ငလျင်ဒဏ်သင့် အဆောက်အဦးတွေမှာပြန်နေခိုင်း

နေပြည်တော်မြို့အင်္ဂါရပ်နဲ့မညီလို့ ဆိုပြီး ဝန်ထမ်းတွေကို ငလျင်ဒဏ်သင့် အဆောက်အဦးတွေမှာပြန်နေခိုင်း

မေ၊ ၂၀၂၅

ငလျင်ကြောင့် နေပြည်တော်က ဝန်ထမ်းလိုင်းခန်းတွေ ပြိုကျခဲ့လို့ လမ်းဘေးတွေ‌မှာ တာလပတ်နဲ့ နေရတဲ့ ဝန်ထမ်းတွေကို မြို့အင်္ဂါရပ်နဲ့မကိုက်ညီတဲ့အတွက် မူလနေထိုင်ရာ ဝန်ထမ်းအိမ်ရာကို ပြန်လည်ရွှေ့ခိုင်းထားတယ်လို့ ဝန်ထမ်းတွေဆီကနေ သိရပါတယ်။

အင်အားပြင်းငလျင်ကြောင့် စစ်ကောင်စီရုံးစိုက်ရာနေပြည်တော်မှာ ထိခိုက်ပျက်စီးဆုံးရှုံးမှုများပြားခဲ့ရာမှာ သမ္မတအိမ်တော်တွေ၊ လွှတ်တော်တွေ၊ ဝန်ကြီးဌာနရုံးတွေ၊ ဝန်ထမ်းအိမ်ရာတွေ ပြိုကျပျက်စီးခဲ့တာဖြစ်ပါတယ်။

ဝန်ထမ်းအိမ်ရာတွေပြိုကျပျက်စီးသွားတဲ့အတွက် Non – CDM ဝန်ထမ်းတွေဟာ လမ်းဘေးတွေမှာအဆင်ပြေသလိုနေရပြီး စစ်ကောင်စီက ကူညီထောက်ပံ့တာတွေ မရှိဘူးလို့ဆိုပါတယ်။

“အဓိကလမ်းဘေးတွေမှာ တာလပတ်ကာပြီးနေနေရတော့ အမြင်မသင့်ဘူး။ နိုင်ငံတကာကလာတဲ့ လူတွေရှိတော့ မသင့်တော်ဘူး။ မြို့အင်္ဂါရပ်နဲ့မညီလို့ ပြန်ရွှေ့ခိုင်းတယ်။ မပြိုသေးတဲ့အိမ်ရာတွေမှာ နေခိုင်းထားတယ်” လို့ သာသနာရေးနဲ့ဝန်ကြီးဌာနက Non – CDM ဝန်ထမ်းက New Day Myanmar ကိုပြောပါတယ်။

နေပြည်တော်မှာ ငလျင်ကြောင့် ဝန်ထမ်းအိမ်ရာ ၁,၅၀၀ ကျော်မှာ ၁၁၆ လုံး ပြိုကျ ပျက်စီးခဲ့ပြီး ၅၀၇ လုံးမှာ အက်ကွဲကြောင်းရာတွေဖြစ်ပေါ်ခဲ့ပါတယ်။ လက်ရှိမှာလည်း နေပြည်တော်ကို အသစ်ပြန်လည်တည်ဆောက်ဖို့ မူလတည်ဆောက်ခဲ့တဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကို စစ်ကောင်စီကဆင့်ခေါ်ထားပါတယ်။

ဆက်စပ် သတင်းများ

Most read