၂၀၂၅ ခုနှစ် မေလ ၁၂ ရက် မြန်မာစံတော်ချိန် နံနက် ၆: ၁၂ မိနစ်အချိန်ခန့်မှာ နေပြည်တော်အရှေ့မြောက်ဘက် ၃၆ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၀ အဆင့် နဲ့ အင်အား အသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ် ။
မြေငလျင်တိုင်းတာစက်တွေနနဲ့ ဗဟိုချက်ရဲ့ အနီးအဝေးပေါ်မူတည်ပြီးလည်း ငလျင်အင်အားပမာဏ အနည်းငယ် ကွာခြားမှုရှိနိုင်တယ်လို့ ဆိုထားပါတယ်။
စစ်ကိုင်းငလျင်ကြီးရဲ့ နောက်ဆက်တွဲငလျင်ငယ်တွေ ဆက်လက်လှုပ်ခတ်နိုင်တဲ့အတွက် ငလျင်ဘေးဆောင်ရန်၊ ရှောင်ရန်၊ သတိပြုမှုတွေနဲ့အညီ နေထိုင်ကြဖို့လည်း အသိပေးထားပါတယ်။
ဓာတ်ပုံ : NUG