ဆိုရှယ်မီဒီယာများ ပိတ်ဆို့မှုကြောင့်ဆန္ဒပြပွဲများ ပြင်းထန်နေတဲ့ နီပေါမှာ ဆန္ဒပြသူတွေက Balkot ရှိ နီပေါဝန်ကြီးချုပ်ရဲ့သီးသန့်နေအိမ်ကို မီးရှို့ခဲ့ပြီး ဝန်ကြီးချုပ် KP Sharma Oli ရာထူးက နုတ်ထွက်သွားပြီဖြစ်ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။
နီပေါဝန်ကြီးချုပ် KP Sharma Oli နှင့်အစိုးရအဖွဲ့ကိုအကျင့်ပျက်ခြစားမှုစွပ်စွဲချက်တွေနဲ့လူငယ်တွေ ဦးဆောင်ကာ မြို့တော်ခတ္တမန္ဒူမှာ ဆန္ဒပြမှုများကြောင့် ဆိုရှယ်မီဒီယာပိတ်ဆို့မှုများကို ရုပ်သိမ်းကြောင်းအစိုးရက ကြေညာခဲ့သော်လည်း ဆန္ဒပြမှုများဆက်လက်ဖြစ်ပွားနေတာကြောင့် မြို့တော်ကို ရဲလက်ကစစ်တပ် လွှဲယူခဲ့ရတယ်လို့သိရပါတယ်။


