Homeပြည်တွင်းသတင်းနိုဝင်ဘာလအတွင်း အရပ်သား ၅၇ ဦးသေဆုံးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့်အများဆုံးဖြစ်

နိုဝင်ဘာလအတွင်း အရပ်သား ၅၇ ဦးသေဆုံးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့်အများဆုံးဖြစ်

၃၀ နိုဝင်ဘာ၊၂၀၂၄

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ကောက်ယူထားတဲ့ အချက်အလက်တွအရ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှ ၂၉ ရက်နေ့အထိ နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သား သေဆုံးမှု ၅၇ ဦးသေဆုံးခဲ့တယ်လို့ AAPP က နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သေဆုံးသူ ၅၇ ဦးအတွင်း အမျိုးသမီး (၃၁) ဦး နဲ့ အမျိုးသား (၄၄) ဦး ဖြစ်ပြီး ရခိုင်ပြည်နယ်မှာ (၂၁) ဦးနဲ့ သေဆုံးမှု အများဆုံးဖြစ်ပြီး ၎င်း (၇၅) ဦးအနက် စစ်အုပ်စုရဲ့ လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးသူအရေအတွက်မှာ (၄၁) ဦးဖြင့် အများဆုံးဖြစ်တယ်လို့လည်း ဆိုပါတယ်။

အဆိုပါကာလအတွင်း နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီး (၂) ဦးနဲ့ အမျိုးသား (၂၅) ဦး စုစုပေါင်း (၂၇) ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပဲခူးတိုင်းမှာ (၈) ဦးနဲ့ အများဆုံး ဖမ်းဆီးခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၇၄၁) ဦးရှိပြီး ထိုအထဲမှ (၂၁၁၇၉) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၅၄၆) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ သိရပါတယ်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်တွေမှာ AAPP မှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားတဲ့ အရေအတွက် ဖြစ်ပြီး မြေပြင်မှာ ဖြစ်ပွားနေတဲ့ အချက်အလက်တွေမှာ ယခုထက် ပိုမိုများပြားနိုင်တယ်လို့လည်း ဆိုပါတယ်။

Photo – PSLF/TNLA

ဆက်စပ် သတင်းများ

Most read