၁၆ ဒီဇင်ဘာ၊၂၀၂၄
နိုဝင်ဘာလအတွင်း စစ်ကောင်တပ်ဖွဲ့ဝင် ဗိုလ်မှူး (၁) ဦးအပါအဝင် တပ်သားနဲ့ ရဲ (၃၃) ဦး အမျိုးသားညီညွတ် ရေးအစိုးရ၊ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ၊ပကဖများ သို့ ဆက်သွယ်ကာ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ (၃၃) ဦးတွင် လက်နက် နဲ့ တကွ ပြည်သူ့ရင်ခွင် ခိုလှုံ လာသူတွေလည်းရှိတာကြောင့် လက်နက်ယူဆောင် လာသူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ လက်နက်တန်ဖိုး အလိုက် ဂုဏ်ပြု ချီးမြှင့်ငွေတွေ ပေးအပ်ခဲ့တယ်လို့ ဒီနေ့ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်း ခံရသူတွေအပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုတဲ့ တပ်သားနဲ့ ရဲတွေ အနေနဲ့ ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF၊ ပကဖ တွေနဲ့ မဟာမိတ် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့ အစည်းတွေထံ ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
Photo -NUG-MOD