Homeပြည်တွင်းသတင်းနိုင်ငံရေးပါတီတွေ ရက်ပေါင်း ၆၀ မဲဆွယ်စည်းရုံးခွင့်ပေးတယ်လို့ စစ်တပ်လက်အောက်ခံ ရွေးကော် ကြေညာ

နိုင်ငံရေးပါတီတွေ ရက်ပေါင်း ၆၀ မဲဆွယ်စည်းရုံးခွင့်ပေးတယ်လို့ စစ်တပ်လက်အောက်ခံ ရွေးကော် ကြေညာ

၁၆ အောက်တိုဘာ ၂၀၂၅

နိုင်ငံရေးပါတီတွေကို အောက်တိုဘာ ၂၈ ရက်နေ့ကစလို့ ရက်ပေါင်း ၆၀ မဲဆွယ်စည်းရုံးခွင့်ပေးလိုက်တယ်လို့ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ကြေညာချက်ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။

မဲဆွယ်ကာလကို ဒီဇင်ဘာ ၂၆ ရက် ည ၁၂ နာရီအထိ စည်းရုံးခွင့်ပေးထားပြီး ဒီဇင်ဘာ ၂၇ ရက် က Silent Day ဖြစ်ပြီး၊ ဒီဇင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲမဲထည့်သွားကြရမှာဖြစ်ပါတယ်။

စစ်ကော်မရှင်က ရွေးကောက်ပွဲကို သူတို့ရဲ့ထွက်ပေါက်အနေနဲ့ ဖြစ်အောင်ဆောင်ရွက်နေသလို တဖက်တော် လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ရွေး ကောက်ပွဲကို အားပေးအားမြှောက် ပါဝင်သူတွေကို ဖမ်းဆီးအရေးမှုတွေ စတင်လုပ်ဆောင်မယ်လို့ အသိပေးထားပါတယ်။

စစ်ကော်မရှင်ဘက်ကလည်း ရွေး ကောက်ပွဲနဲ့ပတ်သက်လို့ ဝေဖန်ရေးသားတာ၊ ပုတ်ခတ်ပြောဆိုတာတွေ ကိုဖမ်းဆီးအရေးယူနေပြီး လက်ရှိအချိန်အထိ ၂၀ဦးထက်မနည်းဖမ်းဆီးခံထားရပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ ပြည်ထောင်စုအဆင့်ဝင်ရောက်ယှဉ်ပြိုင်မယ့် ၆ ပါတီ နဲ့ ပြည်နယ်နဲ့ တိုင်းအဆင့် ဝင်ရောက်ယှဉ် ပြိုင်မယ့် ၅၁ ပါတီ စုစုပေါင်း ၅၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲပထမပိုင်းမှာ မြို့နယ်ပေါင်း ၁၀၂ နဲ့ ဒုတိယပိုင်းမှာတော့ မြို့ နယ်ပေါင်း ၁၀၀ မှာ ပြုလုပ်သွားမှာ ဖြစ်ပြီး တတိယပိုင်းကိုတော့ ကျန်တဲ့ မြို့နယ်တွေမှာ ကျင်းပသွားမယ်လို့ စစ်ခေါင်း ဆောင်က ပြောပါတယ်။

မြို့နယ်အားလုံးမှာတော့ ရွေးကောက်ပွဲလုပ်နိုင်မှာ မဟုတ်ကြောင်းကိုလည်း စစ်ခေါင်းဆောင်က NCA ၁၀နှစ်ပြည့်အခမ်း အနားမှာ ဝန်ခံထားပါတယ်။

ပုံစာ-၂၀၂၀ ရွေးကောက်ပွဲကာလ ပြည်သူ့ပါတီမဲဆွယ်စည်းရုံးမှု မြင်ကွင်း (ပုံအဟောင်း)

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး