Homeပြည်တွင်းသတင်းနိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲကော်မရှင်ကို အလှူငွေတွေ လှူဒါန်း

နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲကော်မရှင်ကို အလှူငွေတွေ လှူဒါန်း

၁၁ ဧပြီ၊ ၂၀၂၅

စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးနဲ့ ငလျင်ဒဏ်သင့်ရုံးဝန်ထမ်းတွေ အတွက်ဆိုတာ နိုင်ငံရေးပါတီအချို့ စုပေါင်းပြီး ကျပ်သိန်း ၁၀၀ လှူဒါန်းခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ သတင်းစာမှာ ဧပြီ ၁၁ ရက်က ဖော်ပြလာပါတယ်။

ဧပြီ မတ် ၂၈ ရက်က ဖြစ်ပွားခဲ့တဲ့ အင်အား အလွန်ပြင်းထန်တဲ့ မြေငလျင်ဘေးဒဏ်သင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဝန်ထမ်းတွေနဲ့ ဝန်ထမ်းမိသားစုတွေ အတွက် နိုင်ငံရေးပါတီ ၂၅ ပါတီက စုပေါင်းပြီး အလှူငွေကျပ် သိန်း ၁၀၀ ကို ဧပြီ ၁၀ ရက်က လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

လှူဒါန်းခဲ့တဲ့ ၂၅ ပါတီကတော့ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ညီညွတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊ ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အမျိုးသား နိုင်ငံရေးအားမာန်သစ်ပါတီ၊ လီဆူအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ(ဒူးလေး)၊ အာခါအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ အမျိုးသား အကျိုးစီးပွားတိုးတက်ရေးပါတီ၊ ဒီမိုကရေစီပါတီသစ် (ကချင်)၊ကချင်ပြည်နယ် ပြည်သူ့ပါတီ၊ ပအိုဝ်းအမျိုး သားအဖွဲ့ချုပ်၊ ‘ဝ’ အမျိုးသားပါတီ၊ ပြည်သူ့ရှေ့ဆောင် ပါတီ၊ ငြိမ်းချမ်းရေး အကျိုးဆောင်ပါတီ၊ အမျိုးသား နိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီတို့ဖြစ်ကြတယ်လို့ သိရပါတယ်။

အဲ့ဒီမတိုင်ခင်ကလည်း ဧပြီ ၇ ရက်က အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ (NIDP) က ကျပ်သိန်း ၈၀ တန်ဖိုးရှိ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ ငါးသေတ္တာ၊ ဆီ၊ ခေါက်ဆွဲ၊ အာလူး၊ ကြက်သွန်ဖြူ/နီ၊ လက်ဖက်၊ အကြော်စုံ၊ ကြာဆံ၊ သောက်ရေသန့်၊ ယိုးဒယားမုန့်မျိုးစုံနှင့် အခြား အသုံးအဆောင်ပစ္စည်းတွေကိုလှူဒါန်းခဲ့သလို ဧပြီ ၈ ရက်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)က ကျပ်သိန်း ၈၀ တန်ဖိုးရှိ ဆန်လေးပြည် အိတ် ၂၅၀၊ ဆီ ၅၀ ကျပ်သားဘူး ၂၅၀၊ ရေသန့် တစ်လီတာဘူး ၂၅၀ တို့ကိုလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read