Homeပြည်တွင်းသတင်းနိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှာ သင်ကြားပေးနေတဲ့ ဗိုလ်ချုပ်ချိုထွန်းအောင် ပစ်ခတ်ရှင်းလင်းခံရ

နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှာ သင်ကြားပေးနေတဲ့ ဗိုလ်ချုပ်ချိုထွန်းအောင် ပစ်ခတ်ရှင်းလင်းခံရ

၂၂ မေ၊ ၂၀၂၅

စစ်ကောင်စီရဲ့ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် (National Defence College-NDC) တွင် Internal Security & Counter-Terrorism (နိုင်ငံတော်လုံခြုံရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး) ဘာသာရပ်နှင့် နိုင်ငံတကာဆက်ဆံရေး ဘာသာရပ် ၂ ခုကိုသင်ကြားနေသူ ဗိုလ်ချုပ်ချိုထွန်းအောင်ကို မေလ ၂၂ ရက်မနက်ပိုင်းက ပစ်ခတ်ရှင်းလင်းခံရတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အေဝမ်းလမ်းပေါ်က သူ့ရဲ့နေအိမ်မှာ Golden Valley Warriors မြို့ပြပြောက်ကျားရဲဘော် တွေက ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် NDC သည် စစ်တပ် ဗိုလ်မှူးကြီးအဆင့်က စတင် တက်ရောက်ရတဲ့ စစ်တပ်ရဲ့ အရေးပါတဲ့ အဆင့်မြင့် စစ်သင်တန်းကျောင်းတခုဖြစ်ပါတယ်။

စစ်တပ်ကနေ ဗိုလ်မှူးချုပ် / ဗိုလ်ချုပ်ရာထူးနဲ့အငြိမ်းစားယူခဲ့ပေမယ့် စစ်တပ်ရဲ့ နေ့စဉ်လူမဆန်မှုများစွာ အတွက် စစ်ဘက်ဆိုင်ရာ သင်ကြားပို့ချနေသူတွေကိုလည်း စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်တယ်လို့ ဆိုပါတယ်။

Golden Valley Warriors အဖွဲ့က ကာလအတော်ကြာ အချက်အလက်စုဆောင်း စုံစမ်းထောက်လှမ်းအတည်ပြုနိုင်ခဲ့ပြီး အခုလို ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်ချိုထွန်းအောင်သည် ကမ္ဘောဒီးယားနိုင်ငံသံအမတ်အဖြစ်ပါဆောင်ရွက်ခဲ့ဖူးတယ်လို့လည်း သိရပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှာ ဗိုလ်ချုပ်ချိုထွန်းအောင်ကို လူကိုယ်တိုင် ဝဏ္ဏကျော်ထင် ဘွဲ့တံဆိပ် ပေးအပ်ခဲ့ပြီး ရွှေချိန် ၅ ကျပ်သားပါ ဂုဏ်ပြုဆုလည်း တပါထဲပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဆက်စပ် သတင်းများ

Most read