ဒီကနေ့ ဇွန် ၂၀ ရက်မှာကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ နိုင်ငံတကာအသိုင်းအဝိုင်းက ဒုက္ခသည်တွေအ ပေါ် ဆက်လက်ထောက်ပံ့ပေးဖို့နဲ့ မတရားနေရပ်စွန့်ခွာထွက်ပြေးအောင်လုပ်ဆောင် နေတဲ့သူတွေကို အရေးယူပေးဖို့ ကရင်အမျိုးသားအစည်းအရုံး(ဗဟို) က တောင်းဆိုလိုက်ပါတယ်။
KNUရဲ့ မတရားနေရပ်စွန့်ခွာထွက်ပြေးအောင်လုပ်ဆောင် နေတဲ့သူတွေကို အရေးယူပေးဖို့ ဆိုတဲ့အသုံးအနှုန်းဟာ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကို ဆိုလိုတာဖြစ်တယ်လို့ News Day Myanmar အနေနဲ့ နားလည်ထားရပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ တရားမျှတမှုနဲ့ ရေ ရှည် တည်တံ့တဲ့ငြိမ်းချမ်းရေးရရှိစေဖို့ ကေအဲန်ယူအနေနဲ့ ခိုင်ခိုင် မာမာရပ်တည်ဆောင်ရွက်နေသလိုတိုင်းရင်းသားလူမျိုးစုအားလုံးရဲ့ အခွင့်အရေးနဲ့တန်းတူညီမှုတွေနဲ့ ဖက် ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်နိုင်ဖို့ ကြိုးစားဆောင်ရွက်နေတယ်လို့ဆိုထားပါတယ်။
ဒါ့ကြောင့် ဒုက္ခသည်တွေနဲ့ နိုင်ငံတွင်းရွေ့ပြောင်းနေထိုင်နေရသူ (IDPs)တွေ လုံခြုံစိတ်ချရတဲ့ နေရပ်တွေမှာ ပြန်အခြေချနိုင်ဖို့ကိုလည်း ဆန္ဒပြုဆုတောင်းပေးတယ်လို့ ဆိုထားပါတယ်။
KNU အနေနဲ့ အနာဂတ်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးဖို့မလိုဘဲ၊ ငြိမ်းချမ်းမှုနဲ့ လွတ်လပ်မှုအပြည့်အဝရှိတဲ့ လူ့ ဘောင်တစ်ခုကို အတူတကွတည်ဆောက်သွားမှာဖြစ်တယ်လို့ ဒီနေ့ ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ကတိပြု ထားပါတယ်။
ဓာတ်ပုံ – KNU


