Homeပြည်တွင်းသတင်းနိုင်ငံတကာအနေနဲ့ စစ်တပ်ကအာဏာသိမ်းတာကိုသာ ရိုးမယ်ဖွဲ့နေပြီး ရွေးကောက်ပွဲမဲမသမာမှုအပေါ် မျက်ကွယ်ပြုထားကြတယ်လို့ PPP ပါတီ ဥက္ကဋ္ဌ‌ ဒေါ်သက်သက်ခိုင်ပြော

နိုင်ငံတကာအနေနဲ့ စစ်တပ်ကအာဏာသိမ်းတာကိုသာ ရိုးမယ်ဖွဲ့နေပြီး ရွေးကောက်ပွဲမဲမသမာမှုအပေါ် မျက်ကွယ်ပြုထားကြတယ်လို့ PPP ပါတီ ဥက္ကဋ္ဌ‌ ဒေါ်သက်သက်ခိုင်ပြော

၁၂ မေ၊ ၂၀၂၅

နိုင်ငံတကာအနေနဲ့ စစ်တပ်ကအာဏာသိမ်းတာကိုသာ ရိုးမယ်ဖွဲ့နေပြီး ၂၀၂၀ ရွေးကောက်ပွဲမဲမသမာမှုအပေါ် ကိုတော့ လက်ရှိအချိန်အထိ မျက်ကွယ်ပြုထားကြတယ်လို့ PPP ပါတီ ဥက္ကဋ္ဌ‌ ဒေါ်သက်သက်ခိုင် ပြောဆိုလိုက် ပါတယ်။

လက်ရှိနိုင်ငံရေးဖြစ်စဉ်တွေကိုပြည်ကြည့်မယ်ဆိုရင် စစ်တပ်က အာဏာသိမ်းချင်လို့မဟုတ် မဲမသမာမှုကြောင့် အာဏာထိမ်းခဲ့တာဖြစ်ကြောင်းနဲ့ မိမိကိုတိုင်လည်း မဲမသမာမှုဒဏ်ကိုခံခဲ့ရတယ်လို့ ဒေါ်သက်သက်ခိုင်က ပြောဆို ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲအတွင်း မဲမသမာမှုဒဏ်ကို မိမိတို့ PPP ပါတီအနေနဲ့လည်း ခံစားခဲ့ရတယ်လို့ မေ ၁၁ ရက်တုန်းက ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ PPP ပါတီရဲ့သတင်းစာရှင်းလင်းပွဲမှာသူကပြောဆိုခဲ့တာဖြစ်ပါတယ်။

“ ကျွန်မလည်း န.စ.က မှာ လေးနှစ်တာဝန်ထမ်းဆောင်ခဲ့တဲ့သူပါ ကျွန်မသိရသလောက်တော့ တပ်မတော်က အဏာမသိမ်းချင်ခဲ့ပါဘူး သို့သော်လည်း ဒီမဲမသမာမှုကို လက်ခံလိုက်ရင် ကျွန်မတို့ဒီထက်ဆိုးဖို့ပဲရှိမယ် မဲမ သမာမှုဆိုတာကလည်း ကျွန်ပြောတာမဟုတ်ပါဘူး အသစ်ဖွဲ့စည်းထားတဲ့ UEC Website မှာ ဘာသာ စကား ငါးမျိုးနဲ့ တင်ထားပါတယ် ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲ ကျွန်မတို့ပါတီလည်း ဝင်ပြိုင်ခဲ့ပါတယ် ခံခဲ့ရပါတယ်ရှင့် ” လို့ ဒေါ်သက်သက်ခိုင်က ပြောဆိုထားပါတယ်။

ဆက်လက်ပြီးသူက နိုင်ငံရေးပါတီတစ်ရပ်ရပ်က အစိုးရဖြစ်လာပြီးမှ ပြုလုပ်တဲ့ရွေးကောက်ပွဲထက် စစ်တပ်က ဦးစီးတဲ့ ရွေး ကောက်ပွဲဟာ သမာသမတ်ကျမှာ ဖြစ်မယ်လို့ ယုံကြည်ကြောင်း နဲ့နိုင်ငံရေးပါတီတစ်ရပ်ရပ်က အစိုးရဖြစ်လာပြီးမှ ပြုလုပ်တဲ့ရွေးကောက်ပွဲဟာ မသမာမှုဖြစ်နိုင်ခြေများ များတယ်လို့ လည်းပြောဆို ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲအတွင်း ဒေါ်သက်သက်ခိုင်ရဲ့ PPP ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၀၀ ကျော် ဝင်ရောက် ယှဥ်ပြိုင်ခဲ့ပြီး ဒေါ် သက်သက်ခိုင်ကိုယ်တိုင်လည်း ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်ကိုယ် စား ပြု ပြည်သူ့လွှတ်တော် အမတ်နေရာအတွက် ဝင်ရောက် ယှဥ်ပြိုင်ခဲ့ပါတယ်။

သို့ပေမယ့် အဲဒီမဲဆန္ဒနယ်မှာ သူနဲ့အတူဝင်ရောက် ရွေးချယ်ခံတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ဒေါက်တာမေဝင်းမြင့်က အနိုင်ရခဲ့ပါတယ်။

ဓာတ်ပုံ : PPP

ဆက်စပ် သတင်းများ

Most read