ထိုင်းနိုင်ငံသား ၁၅ ဦးနဲ့ ဩစတေးလျ နိုင်ငံသား ၁ ဦး တို့ ရန်ကုန်၊ ပဲခူးနဲ့ ကျိုက်ထီးရိုးဘုရားတို့ကို လာရောက်လှည်ပတ်ခဲ့တဲ့ အတွက် စစ်ကော်မရှင် လက်အောက်ခံ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ဂုဏ်ယူစွာနဲ့ သူတို့ရဲ့ ဖေ့ဘွတ်လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။
“ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ Picturesque Myanmar Group Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့်ဩစတြေးလျနိုင်ငံသား(၁)ဦး၊ ထိုင်းနိုင်ငံသားကမ္ဘာလှည့်ခရီးသည် (၁၅)ဦးတိုသည် ၁၀-၈-၂၀၂၅ရက်မှ ၁၂-၈-၂၀၂၅ ရက်နေ့အထိ ဘန်ကောက်-ရန်ကုန်-ပဲခူး-ကျိုက်ထီးရိုး-ပဲခူး-ရန်ကုန်-သန်လျင်-ကျောက်တန်း-သန်လျင်-ရန်ကုန်-ဘန်ကောက် ခရီးစဉ်ဒေသများသို သွားရောက်လည်ပတ်ခဲ့ကြောင်းသတင်းရရှိပါသည်။” ဆိုပြီး ဖော်ပြထားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီချိန်ကစလို့ ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှုဟာ အလွန်လျော့ကျသွားပေမယ့် စစ်ကော်မရှင်(ယခင်စစ်ကောင်စီ)ကတော့ ပုံမှန်ဖြစ်နေသယောင်လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။


