Homeပြည်တွင်းသတင်းနိုင်ငံခြားသားတွေ လက်နက်ကိုင်ဆောင်နိုင်မယ့် ပုဂ္ဂလိက လုံခြုံရေးဥပဒေတရပ် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြဌာန်း

နိုင်ငံခြားသားတွေ လက်နက်ကိုင်ဆောင်နိုင်မယ့် ပုဂ္ဂလိက လုံခြုံရေးဥပဒေတရပ် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြဌာန်း

၁၉ ဖေဖော်ဝါရီ၊၂၀၂၅

မြန်မာနိုင်ငံအတွင်းက လိုင်စင်ရပုဂ္ဂလိကလုံခြုံရေးဝန် ဆောင်မှုလုပ်ငန်းတွေက ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်းတွေကို လက်နက်ခဲယမ်းကိုင်ဆောင်ခွင့် ပေးမယ့် ဥပ​ဒေတရပ်ကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၁၈ ရက်က အတည်ပြုလိုက်ပါတယ်။

လိုင်စင်ရလိုင်စင်ရပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ် ငန်းတွေ အနေနဲ့ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်းတွေ လက် နက်ခဲယမ်းကိုင်ဆောင်ခွင့်ကို ဗဟိုကော်မတီထံတင်ပြပြီး ခွင့်ပြုချက်ယူရမယ်လို့ ဆိုပါတယ်။

ဥပဒေထဲမှာ ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းတွေ ခန့်အပ်ရာမှာ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရရှိသူဟာ နိုင်ငံခြားကုမ္ပဏီဖြစ်ရင် မြန်မာနိုင်ငံသားဝန်ထမ်း အနည်း ဆုံး ၇၅ ရာခိုင်နှုန်းနှင့်၂၅ ရာခိုင်နှုန်းကို နိုင်ငံခြားသားလုံခြုံရေးဝန်ထမ်းခန့်အပ်နိုင်တယ်လို့ ဆိုပါတယ်။

ပုဂ္ဂလိကလုံခြုံရေးကို လုပ်ကိုင်သူအနေဖြင့် လုံခြုံ ရေးဝန်ထမ်း ၁၀ ဦးထက်ပိုမိ အလုပ်ခန့်အပ်ပါက ဖေဖော်ဝါ ရီ ၁၈ ရက်မှစတင်ကာ ၆လအတွင်း သက်ဆိုင်ရာကြီး ကြပ်ရေးကော်မတီထံ ခွင့်ပြုမိန့်လျှောက်ထားရမယ်လို့ ဆိုပါတယ်။

မကြာသေးခင်က ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ မြန်မာနိုင်ငံမှာ ရှိတဲ့ တရုတ်စီမံကိန်းတွေနဲ့ ပတ်သက်ပြီး တရုတ်ပုဂ္ဂလိက လက်နက်ကိုင် လုံခြုံရေး အမည်ခံ တရုတ်စစ်သားတွေကို တရုတ်စီမံကိန်းတွေမှာ ထားရှိဖို့ စစ်ကောင်စီက ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

ဆက်စပ် သတင်းများ

Most read