၈ ဩဂုတ်၊ ၂၀၂၅
နိုင်ငံခြားရုပ်ရှင်ဇာတ်ကားတွေကို မြန်မာစာတန်းထိုးနဲ့ ကြည့်နိုင်တဲ့ အပလီကေးရှင်း ၂ ခုဖြစ်တဲ့ Channel Myanmar( cmapp.tv )နဲ့ AWS တို့ကို လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်ကို အမြဲတမ်းရုပ်သိမ်းပြီး တည်ဆဲဥပဒေ တွေနဲ့အညီ အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ စစ်ကော်မရှင်ရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
cmapp.tv ဟာ Channel Myanmar ရဲ့ ရုပ်ရှင်ဇာတ်ကားတွေ ပြသတဲ့ အက်ပလီကေးရှင်းဖြစ်ပြီး AWS + နဲ့ cmapp.tv တို့ဟာ မြန်မာနိုင်ငံက သုံးစွဲသူတွေကြားမှာ အောင်မြင်ပြီး လူသုံးများတဲ့ အပလီကေးရှင်းတွေဖြစ် သလို နိုင်ငံခြားရုပ်ရှင်အစုံလင်တစုတစည်းပြသတဲ့ အက်ပလီကေးရှင်းတွေလည်း ဖြစ်ပါတယ်။
စစ်ကော်မရှင်ရဲ့ ပြန်ကြားရေးဝန်ကြီးဌာကနေတော့ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီး ရုပ်ရှင်ကားထုတ် လွှင့်ပြသတဲ့ လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ် ရယူထားတဲ့ AWS+ နဲ့ cmapp.tv တို့ဟာ စိစစ်ရေး အဖွဲ့ကို တင်ပြထားခြင်း မရှိတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို သူတို့ရဲ့ အက်ပလီကေးရှင်းတွေမှာ လွှင့်တင်ထား ရှိကြောင်း စိစစ်တွေ့ရှိတာကြောင့် အရေးယူဆောင်ရွက်တာဖြစ်တယ်လို့ ဆိုထားပါတယ်။


