နိုင်ငံကျော်တေးရေးဆရာတစ်ဦးဖြစ်တဲ့ ဆရာသော်ဒီဝေဟာ အောက်တိုဘာလ ၁၆ ရက်ညနေ ၄ နာရီခွဲက နှလုံးရောဂါနဲ့ ပြင်ဦးလွင်ဆေးရုံမှာ ကွယ်လွန်သွားခဲ့တယ်လို့ ဂီတအသိုင်းအဝိုင်းက သိရပါတယ်။
ဆရာသော်ဒီဝေဟာ ကွယ်လွန်ချိန်မှာ အသက် ၇၁ နှစ်အရွယ်ကိုရောက်ရှိနေပြီး နိုင်ငံကျော်အဆိုတော်များတဲ့ ဟယ်ရီလင်း၊ ဖိုးကျော်၊ လေးဖြူ၊ အငဲ၊ သျှီ ၊ ရင်ဂို၊ စည်သူလွင်အစရှိတဲ့ အဆိုတော်များအတွက်တေးသီချင်းပေါင်း ၂၀၀ ကျော်ကို ရေးသား
ပေးခဲ့တဲ့အပြင် ကဗျာနဲ့ပန်းချီ နယ်ပယ်တို့မှာလည်းလူသိများထင်ရှားသူဖြစ်တယ်လို့ သိရပါတယ်။
အဆိုတော်လေးဖြူရဲ့ အိပ်မက်မီးရထား၊ အလင်းရောင်၊ အတောင်ပံများနဲ့ ကမ္ဘာကြီးဟာလုံးပြီးဝိုင်းနေတော့ စတဲ့တေးသီချင်းတွေဟာ ဆရာသော်ဒီဝေရဲ့ ထင်ရှားတဲ့လက်ရာတွေပဲ ဖြစ်ပါတယ်။


