၂၁ ဖေဖော်ဝါရီ၊ ၂၀၂၅
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မှာ နေမကောင်းဖြစ်ပြီး ကျန်းမာရေးအခြေအနေမကောင်းသေးတဲ့အတွက် သူ့နေရာမှာ ဆက်ခံနိုင်မယ့် အနာဂတ်ပုပ်ရဟန်းမင်းလောင်း ၁၂ ဦးစာရင်းထဲ မြန်မာနိုင်ငံက ကာဒီနယ်ချားလ်မောင်ဘိုလည်း ပါဝင်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
ကမ္ဘာ့ကက်သလစ်ကျောင်းတော်ရဲ့ ၂၆၆ ပါးမြောက် သာသနာပိုင်ဖြစ်သူ ပုပ်ဖရန်စစ်ဟာ ကျန်းမာရေး ဆိုးရွာနေပြီး ဆေးရုံတင်ထားရတဲ့အတွက် အနာဂတ်ပုပ်ရဟန်းမင်းလောင်းစာရင်းအတွက် ရွေးခြယ်ထားတာ ဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံအတွက် မကြာခဏ ဆုတောင်းပေးသူဖြစ်ပြီး အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့နဲ့ ပြန်လွတ်လာရင်လည်း ဗာတီကန်မှာ လာခိုလှုံနိုင်တယ်လို့လည်း ဖိတ်ခေါ်ထားသူ ဖြစ်ပါတယ်။
ကာဒီနယ်ချားမောင်ဘိုဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံတတ်ပြီး တိုင်းရင်းသားဒေသတွေက ဘုရားကျောင်းတွေဖျက်ဆီးခံနေရချိန်နဲ့ သူ့ဇာတိရွာက ဘုရားရှိခိုးကျောင်း လေကြောင်းက ဗုံးကြဲခံရချိန်မှာတောင် ဝင်ရောက်ပြောဆိုခြင်းမရှိတဲ့အတွက် ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။
ပုံစာ – ကာဒီနယ်ချားလ်မောင်ဘို
ဓာတ်ပုံ – CATHOLIC ARCHDIOCESE OF YANGON