Homeပြည်တွင်းသတင်းနယ်စပ်ရေးရာနဲ့ပတ်သတ်ပြီး စစ်ကောင်စီနဲ့ AA နှစ်ဘက်စလုံးနဲ့ အဆက်အသွယ်ရှိကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရ ပြောဆို

နယ်စပ်ရေးရာနဲ့ပတ်သတ်ပြီး စစ်ကောင်စီနဲ့ AA နှစ်ဘက်စလုံးနဲ့ အဆက်အသွယ်ရှိကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရ ပြောဆို

၃၁ ဒီဇင်ဘာ၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က နယ်စပ်ရေးရာနဲ့ပတ်သတ်ပြီး မြန်မာစစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA နှစ်ဘက်စလုံးနဲ့ အဆက်အသွယ်ရှိကြောင်း ဒီဇင်ဘာ ၃၀ ရက်က ထုတ်ပြန် ကြေညာပါတယ်။

“၂၇၁ ကီလိုမီတာရှိတဲ့ နယ်စပ်ကို အခု AA က ထိန်းချုပ်ထားပါတယ်။ တစ်ဖက်မှာလည်း မြန်မာနိုင်ငံကို စစ်ကောင်စီက အုပ်ချုပ်နေပါတယ်” လို့ ပြည်ထဲရေးဝန်ကြီးဌာန အကြံပေး ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) Jahangir Alam Chowdhury က မြန်မာနိုင်ငံနဲ့ထိစပ်နေတဲ့ Teknaf ဒေသကို သွားရောက်စဉ်က သတင်းထောက်တွေကို ပြောဆိုလိုက်ပါတယ်။

“ဒါကြောင့် ဘင်္ဂလားဒေ့ရှ်က နယ်စပ်အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးနဲ့ ဆက်သွယ်နေပါတယ်” ဟု Chowdhury က ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ နယ်စပ်မှာ တာဝန်တွေကို သတိထား ဆောင်ရွက်နေတယ်လို့လည်း ပြောဆိုပါတယ်။

“ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) အပါအဝင် လုံခြုံရေးတပ်ဖွဲ့အားလုံးဟာ သူတို့ရဲ့ တာဝန်တွေကို အစွမ်းကုန်သတိနဲ့ လုပ်ဆောင်နေပါတယ်။ တရားဥပဒေစိုးမိုးရေးဆိုတာ အချိန်တိုင်း တည်ငြိမ်မှုရှိစေရေးကိုပဲ အဓိကထား လုပ်ဆောင်နေပါတယ်” လို့ ဆိုပြီး တခါတရံတော့ သေနတ်သံတွေ ၊ မော်တာကျည်တွေကြောင့် နယ်စပ်မှာ စိုးရိမ်မကင်းဖြစ်ရကြောင်း ထည့်သွင်းပြောဆိုပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့်ရှ်ဟာ ကီလိုမီတာ ၂၇၁ ကီလိုမီတာ ထိစပ်နေပြီး နယ်စပ်နယ်နိမိတ်တွေကို AA က သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။ နတ်မြစ်မှာ လောလောဆယ် ငါးဖမ်းထွက်ဖို့အတွက် မလုံခြုံသေးကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက သတိပေးထားပြီး နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ ထပ်ပြီး ခေါ်ယူသွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

(Ref : PTI)

ပုံစာ – နတ်မြစ်ဖြတ်ကူးမယ့်ရိုဟင်ဂျာများ

ဓာတ်ပုံ – Refugees International

ဆက်စပ် သတင်းများ

Most read