Homeပြည်တွင်းသတင်းနမ္မတူမြို့ ပုဗ္ဗာရုံဘုန်းကြီးကျောင်း‌ကို စစ်တပ်ကထပ်မံ ဗုံးကြဲတ်ိုက်ခိုက်ပြန်

နမ္မတူမြို့ ပုဗ္ဗာရုံဘုန်းကြီးကျောင်း‌ကို စစ်တပ်ကထပ်မံ ဗုံးကြဲတ်ိုက်ခိုက်ပြန်

အောက်တိုဘာ ၂၀၂၅

ရှမ်း/မြောက် နမ္မတူမြို့ထဲမှာရှိတဲ့ ပုဗ္ဗာရုံဘုန်းကြီးကျောင်း‌ကို စစ်တပ်က ဒီကနေ့ အောက်တိုဘာ ၇ရက် မနက် ၇ နာရီကျော်အချိန်မှာထပ်မံဗုံးကြဲတ်ိုက်ခိုက်လာတာကြောင့်ဘုန်းကြီးကျောင်း‌ဆောင် ၄ လုံး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ PSLF/TNLA က သတင်းထုတ်ပြန်ပါတယ်။

စစ်ကော်မရှင် လေတပ်ဟာ ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ တိုက်ခိုက်လာချိန်ဟာဘုန်းကြီးကျောင်းမှာ ဒေသခံပြည်သူတွေ ရှိနေတဲ့အချိန်လည်းဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ဗုဒ္ဓဘာသာတို့ရဲ့ အထွဋ်အမြတ်ထားရာနေ့

သီတင်းကျွတ်လပြည့်နေ့ကိူ မရှောင်ဆက် တိုက်ဗုံးကြဲတိုက်ခိုက်တာတွေပြုလုပ်နေတာဖြစ်ပြီး၊ မနေ့ အောက်တို့ဘာ ၆ ရက် သီတင်း ကျွတ်လပြည့်နေမှာလည်း နမ္မတူမြို့ မြို့မဈေးရပ် ရက်ကွက် (၂)ကို ဗုံးကြဲချတိုက် ခိုက်တာကြောင့် နေ အိမ် ၆ လုံး ထိမှန်ပျက်စီးခဲ့ပါသေးတယ်။

ဒါအပြင် သီပေါမြို့ကိုလည်း ဗုံးလာရောက်ကြဲချတိုက်ခိုက်တာ၊ စစ်ကိုင်း တိုင်းထဲက ချောင်းဦးမြို့နယ်မှာ ဆီမီးပူဇော်ပွဲပြုလုပ်နေတဲ့အချိန်မှာ တိုက်ခိုက်တာတွေပြုလုပ်ခဲ့တာကြောင့် ကလေးငယ်အပါ အနည်းဆုံး လူ ၂၀ သေဆုံးခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။

စစ်ကော်မရှင်တပ်ဟာ တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက် ကိုင်တွေ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့‌ တွေထိန်းချုပ်ထားတဲ့နယ်မြေတွေထဲကို လက်နက်ကြီးတွေ၊ ဒရုန်းတွေ ၊ လေ ကြောင်းတိုက်ခိုက်တာတွေကို ဆက် တိုက်ပြုလုပ်ပြီး စစ်ရာဇဝတ်မှုကို ကျူးလွန်နေတယ်လို့ ဆိုထားပါတယ်။

ဓာတ်ပုံ-PSLF/TNLA

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး