နမ္မတူမြိုနယ် မန်လီကျေးရွာအတွင်းကို စစ်တပ်က ဒီကနေ့မနက်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့ ပေါင် (၅၀၀)ဗုံး (၂)လုံး လာရောက်ကြဲချတိုက် ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မန်လီကျေးရွာအတွင်းကို ယနေ့ နံနက်အစောပိုင်း (၁း၁၀)နာရီအ ချိန်တွင် (၁)ကြိမ်၊ နံနက် (၁း၁၇)နာရီ အချိန် တွင် (၁)ကြိမ် စုစုပေါင်း (၂)ကြိမ် ဗုံးကြဲချခဲ့ပြီး ဘုန်းကြီးကျောင်း၊ စာသင် ကျောင်း နဲ့ ပြည်သူလူထုနေအိမ် တချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
အဆိုပါ ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လူထုကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ပြီး ဗုံးကြဲတိုက် ခိုက်ခဲ့တာဖြစ်ကြောင်းနဲ့ မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုများရှောင်ရှားနိုင်ဖို့ စစ်ရေး သတိအမြဲရှိဖို့နဲ့ လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နားဆောင်ရွက်ဖို့လည်း TNLA က တိုက်တွန်းထားပါတယ်။
စစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကလည်း မန်လီကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကျောင်းဆရာမ (၁)ဦး သေဆုံးခဲ့ပါသေးတယ်။
ဓာတ်ပုံ – TNLA