Homeပြည်တွင်းသတင်းနပခကို သိမ်းယူနိုင်တဲ့အတွက် အာရက္ခတပ်တော်ကို ဂုဏ်ယူဝမ်းမြောက်ကြောင်းသဝဏ်လွှာ NUGယာယီသမ္မတဒူးဝါလရှီးလ ပေးပို့

နပခကို သိမ်းယူနိုင်တဲ့အတွက် အာရက္ခတပ်တော်ကို ဂုဏ်ယူဝမ်းမြောက်ကြောင်းသဝဏ်လွှာ NUGယာယီသမ္မတဒူးဝါလရှီးလ ပေးပို့

၂၂ ဒီဇင်ဘာ၊ ၂၀၂၄

ဒီဇင်ဘာ ၂၀ ရက် နေ့လည် ၁ နာရီ ၄၀ မိနစ် ဝန်းကျင်မှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အပြီးသတ် သိမ်းယူနိုင်ကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပြီးနောက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူးဝါလရှီးလက ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

အာရက္ခတပ်တော်ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုနဲ့အတူ ရဲဘော်ရဲဘက်တွေရဲ့ ရဲစွမ်းသတ္တိ အပြည့်နဲ့ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်မှုတွေကြောင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းနဲ့ အခုအောင်ပွဲဟာ အာရက္ခပြည်သူတွေရဲ့ အောင်ပွဲဖြစ်ရုံမကဘဲ စစ်အာဏာရှင် စစ်ကောင်စီဆန့်ကျင်ရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး တော်လှန်တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူတရပ်လုံးနဲ့ နိုင်ငံတဝန်းက တော်လှန်ရေးအင်အားစုအားလုံးရဲ့ အောင်ပွဲဖြစ်တယ်လို့ ယာယီသမ္မတက ပြောဆိုပါတယ်။

၂၀၂၄ တစ်နှစ်တာအတွင်း မြန်မာစစ်တပ်ရဲ့ တိုင်းစစ်ဌာနချုပ်ကြီး (၂)ခုကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခြေမှုန်းလိုက်နိုင်တဲ့ ဖြစ်ရပ်ဟာ သမိုင်းဝင်အောင်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ အဆုံးသတ်နေဝင်ချိန် မကြာခင်ရောက်ရှိလာတော့မယ်လို့ သဝဏ်လွှာမှာ ရေးသားထားပါတယ်။

Photo – NUG

ဆက်စပ် သတင်းများ

Most read