နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ဖို့အတွက် တရုတ်နိုင်ငံက အကူအညီပေးဖို့ သားဖြစ်သူ ကိုထိန်လင်း(ခ)ကင်မ်အဲရစ်ကဒီကနေ့ အောက်တိုဘာ ၄ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
“ဒီနေ့ ကျွန်တော် မေမေလွတ်မြောက်စေဖို့ တရုတ်နိုင်ငံမှ အကူအညီပေးရန် တောင်းဆိုခဲ့ပါတယ်။မေမေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်မှုဟာ သင့်မြတ်ပေါင်းစည်းမှုနဲ့ တည်ငြိမ်ရေးအတွက် အရေးကြီးဆုံး ပထမခြေလှမ်း ဖြစ်ပါတယ်။ တရုတ်အစိုးရဟာ ဒီအရာကိုဖြစ်လာအောင် အကူအညီပေးနိုင်မယ့် အခြေအနေမှာ ရှိပါတယ်။”လို့သူရဲ့လူမှုကွန်ရက်ဖေ့ဘုတ်စာမျက်နှာမှာ မျှဝေထားပါတယ်။
ကိုထိန်လင်းက South China Morning Post သတင်းဌာနနဲ့အင်တာဗျူးမှာ ကင်မ်က တရုတ်သမ္မတ ရှီကျင့်ဖျင်အနေနဲ့ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးရေးပြောဆိုပေးဖို့၊ စစ်တပ်အပေါ်ပိုပြီးဖိအားပေးဖို့နဲ့ လွတ်မြောက်သင့်သူအားလုံး လွတ်မြောက်ဖို့အတွက် တောင်းဆိုထားတာလည်းဖြစ်ပါတယ်။
ကိုထိန်လင်း(ခေါ်)ကင်မ်အဲရစ်ဟာ စက်တင်ဘာလထဲမှာ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှလုံးကျန်းမာရေးအတွက် စိုးရိမ်ကြောင်း ပြောဆိုခဲ့ပါသေးတယ်။


