အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဆုတောင်းဗီဒီယို ပေးပို့မှုဟာ မနှစ်ကထက် ဂင်းနစ်စံချိန်တင်နိုင်ခဲ့တယ်လို့ သူမရဲ့သားဖြစ်သူ ကိုထိန်လင်းက ပြောပါတယ်။
အဲဒီမွေးနေ့ဆုတောင်းဗီဒီယိုတွေကို ဇွန်၁၉ရက်နေ့ နောက်ဆုံးထား လက်ခံခဲ့တာဖြစ်ပြီး၊ ဆုတောင်းဗီဒီယို တစ်သိန်းကျော်ရရှိခဲ့တယ်လို့လည်းဆိုပါတယ်။ဒါဟာ ကမ်ပိန်းတစ်ခုထက်ပိုတဲ့ ကမ္ဘာက အသိ အမှတ်ပြု လက်ခံမှုကို ရရှိခဲ့တာဖြစ်တဲ့အတွက် ကျေးဇူးတင်ကြောင်း ကိုထိန်လင်းက ထပ်လောင်းဆိုပါတယ်။
“ဘယ်လောက်ပဲ အတားအဆီးတွေရှိပါစေ မေမေ့ရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒတွေက ကျွန်တော်တို့နဲ့ အမြဲရှိနေမှာပါ။ မေမေ့အတွက် ကျွန်တော်တို့ လုပ်နိုင်ခဲ့ပြီ။ဆက်လက်လည်း လုပ်ဆောင်သွားကြပါစို့”လို့ကိုထိန်လင်းက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဆုတောင်း ဗီဒီယိုဖိုင်တွေကို ဆိုရှယ်မီဒီယာတွေပေါ်ကနေ သူမကို လေးစားချစ်ခင်တဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေက ပေးပို့ခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။
ဓာတ်ပုံ- NUG


