Homeပြည်တွင်းသတင်းဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် ဗြိတိန် ၊ ဂျာမနီ၊ အီတလီ ၊ ဒိန်းမတ် သံရုံးတွေနဲ့ ဥရောပသမဂ္ဂအဖွဲ့ တို့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ပန်းပုံတွေ...

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် ဗြိတိန် ၊ ဂျာမနီ၊ အီတလီ ၊ ဒိန်းမတ် သံရုံးတွေနဲ့ ဥရောပသမဂ္ဂအဖွဲ့ တို့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ပန်းပုံတွေ တင်ထား

၁၉ ဇွန်၊ ၂၀၂၄

ဇွန်လ ၁၉ ရက် ဒီနေ့မှာ ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် သံရုံးတချို့နဲ့ ဥရောပသမဂ္ဂအဖွဲ့တို့က သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ပန်းပုံနဲ့ ဒေါ်အောင်ဆန်းစုကြည် ပန်းပန်ထားတဲ့ပုံများ ပြောင်းလဲ တင်ထားကြပါတယ်။ ဗြိတိန် ၊ ဂျာမနီ ၊ အီတလီ၊ ဒိန်းမတ် အပါအဝင် သံရုံးတွေရဲ့ လူမှုကွန်ယက်တွေမှာ မွေးနေ့အထိမ်းအမှတ် ပန်းပုံတွေကို တင်ထားကြပါတယ်။

ဒီနေ့မှာ လွတ်မြောက်နယ်မြေနဲ့ တော်လှန်ရေးနယ်မြေတွေမှာ လူထုခေါင်းဆောင်မွေးနေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲတွေ၊ ဆုတောင်းပွဲတွေ၊ ချီတက်ပွဲတွေ ၊ ပန်းသပိတ်ဆင်နွှဲခြင်းတွေ လုပ်နေကြသလို မြို့ပြပေါ်က တချို့လူတွေကလည်း လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ပန်းပန်ထားတဲ့ ပုံတွေ ၊ ပန်းပုံတွေ တင်ပြီး သူတို့ရဲ့ ဆနထုတ်ဖော်ပြီး ပန်းသပိတ် ဆင်နွှဲနေကြပါတယ်။

“ငုံ့မခံဘဲ တုန့်ပြန်မယ့် သံမဏိနှင်းဆီတွေ”ဆိုတဲ့ ဆောင်ပုဒ်ကို ကိုင်ဆောင်ထားတဲ့ ပုံတွေကို တင်နေကြသလို မြို့ပြ မြေအောက်တော်လှန်အဖွဲ့တစ်ခုဖြစ်တဲ့ ရေဘဝဲအဖွဲ့ကလည်း SUU ဆိုတဲ့ စာတန်းကိုင်ဆောင်ပြီး လူစည်ကားတဲ့နေရာတွေမှာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

တော်လှန်ရေးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာတေဇာဆန်းကတော့ လူတိုင်း ပန်းသပိတ် လူထုလှုပ်ရှားမှုမှာ ပါဝင် ဆင်နွှဲဖို့ လွန်ခဲ့တဲ့တစ်လလောက်ထဲက တိုက်တွန်းထားပြီး ညဏ်နဲ့ယှဉ်ပြီး လုံခြုံမှုကို အလေးထားဖို့လည်း သတိပေးခဲ့ပါတယ်။

ဆက်စပ် သတင်းများ

Most read