စစ်ကော်မရှင်ဖမ်းဆီးထားတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဆက်အသွယ်မရတာဟာ ကွယ်လွန်သွားတာမျိုးဖြစ်နိုင်တယ်လို့ သားဖြစ်သူ ကင်မ်အဲရစ်က ရိုက်တာသတင်းဌာနကိုပြောကြားထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးချို့ယွင်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ သတင်းအချက်အလက် လုံးဝပြတ်တောက်နေတာကြောင့် သားဖြစ်သူက မိခင်ဖြစ်သူ ကွယ်လွန်သွားပြီလားပင် မသိရသေးသည့်အခြေအနေဖြစ်ပြီး စိုးရိမ်ပူပန်လျက်ရှိတယ်လို့ ဆိုပါတယ်။
ကင်မ်အဲရစ် (Kim Aris) ခေါ် ကိုထိန်လင်း က မိခင်ဖြစ်သူ အသက် ၈၀ အရွယ် ဒေါ်အောင်ဆန်းစုကြည်ဆီကနေ နှစ်များစွာ အဆက်အသွယ်မရတော့တာ၊၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နှလုံး ရောဂါ၊ အရိုးနဲ့သွားဖုံးဆိုင်ရာ ကျန်းမာရေးပြဿနာတွေအကြောင်းကို တဆင့် စကားဖြင့်သာ မကြာခဏ ကြားသိရတယ်လို့ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
“သူမမှာ ကျန်းမာရေးပြဿနာတွေ ရှိနေပါတယ်။ နှစ်နှစ်ကျော်ကြာမှ သူ့ကို ဘယ်သူမှ မတွေ့ခဲ့ရပါဘူး။ သူမကို ရှေ့နေအဖွဲ့နဲ့ ဆက်သွယ်ခွင့်မပေးဘူး၊ သူ့မိသားစုကို လည်းတွေ့ခွင့်မပေးဘူး။” လို့ တိုကျိုမှာ ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ သူက ပြောပါတယ်။ “ငါသိသလောက်ဆို သူကွယ်လွန်ပြီးတာလည်းဖြစ်နိုင်တာပဲ” လို့ ကင်မ်အဲရစ် (Kim Aris) ခေါ် ကိုထိန်လင်း က ပြောပါတယ်။
ဒါ့အပြင် သူက မိခင်ဖြစ်သူမှာနေပြည်တော်မှာ ထိန်းသိမ်းခံနေရတယ်လို့ ယုံကြည်ကြောင်း၊ လွန်ခဲ့တဲ့ ၂ နှစ်က မိခင်ဆီက ရရှိခဲ့တဲ့ နောက်ဆုံးစာမှာ ဆောင်းရာသီနဲ့နွေ ရာသီတွေမှာ အခန်းတွင်း အပူချိန်လွန်ကဲတယ်လို့ ညည်းညူထားကြောင်း ပြောပြထားပါတယ်။
သူ့အနေနဲ့ ဂျပန်ခရီးစဉ်အတွင်း ဂျပန်နိုင်ငံရေးသမားတွေနဲ့ အစိုးရအရာရှိတွေကိုတွေ့ဆုံခဲ့ပြီး စစ်ကောင်စီကို ပိုမိုပြင်းထန်စွာ ဆန့်ကျင်ရပ်တည်ဖို့နဲ့ရွေး ကောက်ပွဲကို ပယ်ချဖို့ဖိအားပေးခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဓါတ်ပုံ – Suzanne Plunkett/Reuters


