Homeပြည်တွင်းသတင်းဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ အာဆီယံအလွတ်သဘောအစည်းအဝေးမှာ စင်ကာပူတောင်းဆို

ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ အာဆီယံအလွတ်သဘောအစည်းအဝေးမှာ စင်ကာပူတောင်းဆို

၂၀ ဒီဇင်ဘာ၊ ၂၀၂၄

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ မြန်မာ့အရေးအလွတ်သဘောအစည်းအဝေးအပြီးမှာ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာကရစ်ရှနန်က အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို စစ်ကောင်စီဘက်က လေးစားလိုက်နာဆောင်ရွက်ဖို့နဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ကိုလည်း သူက တိုက်တွန်းပါတယ်။ သက်ဆိုင်သူအားလုံးပါဝင်တဲ့ အာဆီယံဆွေး‌နွေးပွဲတွေဖြစ်ဖို့မျှော်လင့်ကြောင်းလည်း ပြောဆိုလိုက်ပြီး မြန်မာနိုင်ငံရဲ့အဓိကသက်ဆိုင်သူတွေကြားမှာ အပြုသဘောဆောင်တဲ့ဆွေးနွေးမှု မရှိမဖြစ်လိုအပ်နေတယ်လို့ သူက ပြောဆိုသွားပါတယ်။

လာမယ့်နှစ် အာဆီယံဥက္ကဋ္ဌဖြစ်လာမယ့် မလေးရှားနိုင်ငံက လာမယ့် ၂၀၂၅ မှာ မြန်မာ့အရေးကို ပိုပြီးအာရုံစိုက်ဖြေရှင်းနိုင်ဖို့ အာဆီယံနိုင်ငံအားလုံးကို မျှော်လင့်တယ်လို့ ပြောဆိုသွားပြီး မြန်မာ့အရေးအတွက် ဝိုင်းဝန်းအဖြေရှာဖို့ ဆွေးနွေးခဲ့ပါတယ်။

အခု အစည်းအဝေးကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီး အာဆီယံအလှည့်ကျ ဥက္ကဌ လာအိုနဲ့အတူ ဦးဆောင်ကျင်းပခဲ့တာပါ။ ဒီဇင်ဘာ ၁၉ ရက် အစည်းအဝေးမှာ မြန်မာနဲ့အိမ်နီးချင်းနိုင်ငံတွေ ဆွေးနွေးခဲ့ပြီး တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ လာအို၊ ထိုင်း တို့နဲ့အတူ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခဲ့ပါတယ်။

Photo – Dr Vivian Balakrishnan ‘s Social Media

ဆက်စပ် သတင်းများ

Most read