ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဌ ဒေါ်သက် သက်ခိုင်ကို ကိုယ်စားလှယ်လောင်းစာ ရင်းမှ ပယ်ဖျက်ကြောင်း စစ်ကော်မရှင်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ အောက်တိုဘာ ၂၅ ရက်မှာ BBC ရဲ့ မေးမြန်းချက်အပေါ် အတည်ပြု ပြောခဲ့ပါတယ်။
ဒေါ်သက်သက်ခိုင်ဟာ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈ (ဃ)ပါ ပြဋ္ဌာန်းချက်နဲ့ ငြိစွန်းတာကြောင့်ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ် ဖျက်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါအပြင် သက်ဆိုင်ရာလွှတ်တော်ရွေး ကောက်ပွဲ နည်းဥပဒေ ၃၆(ဂ)အရ လွှတ် တော်ကိုယ်စားလှယ်လောင်းအဖြစ် အ မည်စာရင်းထုတ်ပြန်ကြေညာပြီးနောက် အမည်စာရင်းတင်သွင်းသူ တစ်ဦးဟာ ရွေးကောက်ပွဲမကျင်းပမီ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ရွေး ကောက်တင်မြှောက်ခံပိုင်ခွင့် ဆုံးရှုံးသွားရင် ထိုသူရဲ့အမည်ကို လွှတ်တော်ကိုယ် စားလှယ်လောင်းတွေရဲ့အမည်စာရင်းကနေ ပယ်ဖျက်ရမှာလည်းဖြစ်တယ်လို့ ဆိုထားပါတယ်။
ပြီးခဲ့တဲ့ ရက်က စစ်အုပ်စုရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုမှာ ၂၀၂၅ ရွေးကောက်ပွဲဝင်ပြိုင်မယ့် နိုင်ငံရေးပါတီ ဥက္ကဌတစ်ဦးဟာ KBZ ဘဏ်ကနေ ချေးယူထားတဲ့ ငွေကျပ် ဘီလျံ ၁၀၀ ကျော်ကို ပြန်မဆပ်နိုင်တာကြောင့် ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ဖျက်ခံရနိုင်တယ်လို့ ရေးသားဖော်ပြအပြီးမှာ ကိုယ် စားလှယ်လောင်း အပြီးသတ်စာရင်း မှာ ပယ်ချခံရပြီး မပါဝင်လာတာဘဲဖြစ်ပါတယ်လို့ ကနဦး သိထားရတာပါ။
ပါတီဘက်ကတော့ ဒေါ်သက်သက်ခိုင်ဟာ လွှတ်တော်ကိုယ်စားလှယ်လောင်း ကတ်ပြား ထွက်ရှိထားသူဖြစ်ပြီး လက်ရှိမှာ ဥပဒေအရ ပြန်ဖြေရှင်းနေရတဲ့ အပိုင်းတွေရှိတဲ့အတွက် အခုလို ကိစ္စဖြစ်ပေါ်ရတာလို့ သတင်းမီဒီယာတွေကို ပြန်လည်ဖြေရှင်းနေတာ တွေ့ရပါတယ်။
ဓာတ်ပုံ- PPP


