Homeနိုင်ငံတကာသတင်းဒေါ်နယ်ထရမ့် နဲ့ ပူတင်တို့ ဟန်ဂေရီမှာတွေ့ဆုံမယ်

ဒေါ်နယ်ထရမ့် နဲ့ ပူတင်တို့ ဟန်ဂေရီမှာတွေ့ဆုံမယ်

၁၇ အောက်တိုဘာ၊၂၀၂၅

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နဲ့ ရုရှားသမ္မတပူတင်တို့ဟန်ဂေရီနိုင်ငံမှာ တွေ့ဆုံဆွေးနွေးကြဖို့ ဖုန်းနဲ့ ဆွေးနွေးပြီး သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။

ယူကရိန်း-ရုရှားစစ်ပွဲအရေးမှာ ဖြန့်ဖြေဘက် အမေရိကန်က ယူကရိန်းဘက်ခြေစုံရပ်လာတော့မယ့် မှတ်ချက်တွေ ပြုလာပြီးနောက် ရုရှားက တွေ့ဆုံနိုင်ရေးကြိုးပမ်းလာတာဖြစ်ပါတယ်။

နှစ်ဦး တွေ့မည့်ရက်အတိအကျကိုတော့ ဒေါ်နယ်ထရမ့်ဘက်က အတည်မပြုသေးဘဲ၊ ထိပ်သီးဆွေးပွဲအမြန်စနိုင်ရေး ပြင်ဆင်နေပြီလို့ ရုရှားအစိုးရဘက်က ပြောဆိုလာတာဖြစ်ပါတယ်။

အခု တွေ့ဆုံနိုင်ရေးစီစဉ်မှုက ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး