Homeနိုင်ငံတကာသတင်းဒေါ်နယ်ထရမ့်ဟာ ရာဇ၀တ်မှုဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခံရတဲ့ ပထမဆုံး အမေရိကန်သမ္မတဖြစ်လာ

ဒေါ်နယ်ထရမ့်ဟာ ရာဇ၀တ်မှုဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခံရတဲ့ ပထမဆုံး အမေရိကန်သမ္မတဖြစ်လာ

၁၁ ဇန်နဝါရီ ၂၀၂၅

အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် က နာမည်ကြီးအပြာမယ် တစ်ယောက်ကို အခကြေး ငွေပေးခဲ့တဲ့ အမှုကို ရုံးတော်က အပြစ်ရှိတယ်လို့ ဇန်နဝါရီ ၁၀ ရက်က စီရင်ချက်ချခဲ့ပါတယ်။

ဒါပေမယ့် ထောင်ဒဏ်ကျခံရမှာ မဟုတ်ဘူးလို့ တရားသူကြီးက ပြောပါတယ်။ တရားသူကြီး ဟွမ် မာချန်က အသက် ၇၈ နှစ်အရွယ် သမ္မတလောင်း ဒေါ်နယ်ထရမ့်ကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ စီရင်ချက်ချခဲ့ပြီး တရားရုံးမှတ်တမ်းမှာတော့ အပြစ်ရှိကြောင်း ဖော်ပြထားတယ်လို့ သိရပါတယ်။ အမှုကိုတော့ ပိတ်ပစ်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီ ဖြစ်ရပ်ကြောင့် ရာဇ၀တ်မှုဆိုင်ရာ ပြစ်ဒဏ်ချမှတ်မှုနဲ့ စီရင်ချက်ချခံရတဲ့ အမေရိကန်သမ္မတစ်ယေက်အဖြစ် ထရန့်ဟာ ပထမဆုံးမှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။

အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေက သမ္မတတွေကို ရာဇ၀တ်မှုဆိုင်ရာတရားစွဲဆိုခြင်းကနေ အကာအကွယ် ပေးထားတာမို့ ထရမ့်ကို ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်ငွေဖြစ်စေ အကျဉ်းချခြင်းဖြစ်စေ လုပ်လို့ မရပါဘူး။

ဒေါ်နယ်ထရမ့်ကတော့ သူ့မှာ အပြစ်မရှိတဲ့အကြောင်း ပြောဆိုနေတုန်းပဲဖြစ်ပြီး စီရင်ချက်ကို အယူခံဝင်သွားမယ်လို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

Ref: CNA

ဆက်စပ် သတင်းများ

Most read