Homeပြည်တွင်းသတင်းဒုက္ခသည်တွေကို နေရပ်ပြန်မပို့ဖို့ ထိုင်းကို ဖိအားပေးရန် ကုလသမဂ္ဂကို HRW တောင်းဆို

ဒုက္ခသည်တွေကို နေရပ်ပြန်မပို့ဖို့ ထိုင်းကို ဖိအားပေးရန် ကုလသမဂ္ဂကို HRW တောင်းဆို

၇ နိုဝင်ဘာ၊ ၂၀၂၄

မြန်မာနိုင်ငံက ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေကို ထိုင်းအစိုးရက နေရပ်ပြန်ပို့ရင် နှိပ်စက်ခံ ရနိုင်တဲ့အတွက် ထိုင်းအစိုးရကို ဒုက္ခသည်တွေ ပြန်မပို့ဖို့အတွက် ဖိအားပေးဖို့ လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်ရေးအဖွဲ့ (HRW)က ကုလသမဂ္ဂကို နိုဝင်ဘာလ ၆ ရက်က တောင်းဆိုလိုက်ပါတယ်။

ထိုင်းအစိုးရအာဏာပိုင်တွေဟာ တရုတ်၊ ဗီယက်နမ်နဲ့ မြန်မာအပါအဝင် အတိုက်အခံတွေကို နှိပ်စက် ညှင်းပန်းနေတဲ့ နိုင်ငံတွေကို ထိုင်းနိုင်ငံအတွင်းရောက်နေတဲ့ ဒုက္ခသည်တွေနဲ့ ထိုင်းနိုင်ငံအတွင်း ခိုလှုံ ခွင့်တောင်းခံနေတဲ့ ဒုက္ခသည်တွေကို ပြန်ပို့တယ်လို့ HRW က ဆိုပါတယ်။

ဒါဟာ အစိုးရတွေက နှိပ်စက်ညှဉ်းပန်းခံရနိုင်တဲ့သူတွေကို နေရပ်တိုင်းပြည်ပြန်ပို့တာဟာ ၂၀၀၇ ခုနှစ် ကုလ ကွန်ဗေးရှင်းသဘောတူညီမှုကို ထိုင်းအစိုးရက ချိုးဖောက်နေတာဖြစ်တယ်လို့ HRW က ဆိုပါတယ်။

နှိပ်စက်ညှဉ်းပန်းမှုတိုက်ဖျက်ရေး ကုလကော်မတီဟာ အခုသီတင်းပတ်မှာ ထိုင်းနိုင်ငံရဲ့ မှတ်တမ်းတွေကို ပြန်လည်စိစစ်သွားဖို့ရှိနေပြီး ဥပဒေချိုးဖောက်မှုတွေအတွက် ထိုင်းအစိုးရကို ဖိအားပေးသင့်တယ်လို့ HRW က ဖော်ပြပါတယ်။

မြန်မာစစ်တပ်က ညှဉ်းပန်းနှိပ်စက်တဲ့သတင်းတွေ အဆက်မပြတ်ဖော်ပြနေပေမဲ့ ထိုင်းအာဏာပိုင်တွေဟာ မြန်မာဒုက္ခသည်တွေကို နယ်စပ်ဂိတ်တွေကတဆင့် နေရပ်ပြန်ပို့နေတယ်လို့ ဆိုပါတယ်။

ပုံစာ – ထိုင်းနိုင်ငံ တရားမဝင် ဝင်ရောက်လာတဲ့ ဒုက္ခသည်တွေကို နယ်စပ်ဂိတ်တွေက ပြန်ပို့နေစဉ်(ပုံဟောင်း) Photo – Mae Sot Media

ဆက်စပ် သတင်းများ

Most read