Homeပြည်တွင်းသတင်းဒီပဲယင်း မြို့သိမ်းတိုက်ပွဲမှာ အလံဖြူထောင် လက်နက်ချသူ ၁၂၃ ဦးရှိ

ဒီပဲယင်း မြို့သိမ်းတိုက်ပွဲမှာ အလံဖြူထောင် လက်နက်ချသူ ၁၂၃ ဦးရှိ

၁၈ ဩဂုတ်၊ ၂၀၂၄

ဒီပဲယင်းမြို့သိမ်းတိုက်ပွဲမှာ အလံဖြူထောင် လက်နက်ချသူ ၁၂၃ ဦးရှိပြီး ကောင်းမွန်စွာစောင့်ရှောက်ပေးထားတယ်လို့ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ က ဩဂုတ် ၁၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

အမှတ် ၁ စစ်ဒေသ ရွှေဘိုခရိုင်ကွပ်ကဲရေးအဖွဲ့ရဲ့ကွပ်ကဲမှု နဲ့ ရွှေဘိုခရိုင်အတွင်းက တပ်ရင်းတွေ၊ ရွှေဘိုခရိုငိပကဖ၊ ဒီပဲယင်းမြို့နယ်ပကဖ ဘုတလင်မြို့နယ်ပကဖတို့ပါဝင်ပြီး ဒီပဲယင်းမြို့က စစ်ကောင်စီနဲ့ နဲ့ ပျူစောထီးတွေ တပ်စွဲနေရာများကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဒီနေ့မနက် ၆ နာရီ ၄၅ မိနစ်မှာ မြို့ကိုထိန်းချုပ်နိုင်ခဲ့တယ်လို့ ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းအတည်ပြုပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သားတချို့နဲ့ ပျူစောထီးအချို့ ထွက်ပြေးသွားကြပြီးအလံဖြူထောင် လက်နက်ချပူးပေါင်းသူ စုစုပေါင်း ထိန်းသိမ်းထားသူ ၁၂၃ ဦးရှိတယ်လို့ ဆိုပါတယ်။

အလံဖြူထောင်ပူးပေါင်းသူတွေက ပျူစောထီး ၂ ဦး၊ Non CDM ဝန်ထမ်း ၄၁ ဦး၊ မိသားစုဝင် ၈၀ ဦးဖြစ်ပြီး ကောင်းမွန်စွာစောင့်ရှောက်ထားသလို၊ လိုအပ်တဲ့ဆေးဝါးကုသမှုတွေကို မြို့ထဲမှာပဲဆောင်ရွက်ပေးနေတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် ရေဦးမြို့က ထွက်လာတဲ့ စစ်ကောင်စီ စစ်ကူစစ်ကြောင်းကို ရေဦး၊ ဒီပဲယင်းပကဖတပ်ဖွဲ့ဝင်တွေ ကထိရောက်စွာတားဆီးနိုင်ခဲ့ပြီး ဆက်လက်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆက်စပ် သတင်းများ

Most read