စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်၊အိုးထိမ်းကွင်းရွာကျောင်းကို စစ်တပ်က ဒီကနေ့ မနက် ၉ နာရီ ၅၅ မိနစ်ဝန်းကျင်မှာ စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲခဲ့မှုကြောင်း ကျောင်းဆရာမတွေအပါအဝင် ကျောင်းသား ကျောင်းသူ အများအပြားသေဆုံးခဲ့တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။
ဗုံးကြဲမှု ဖြစ်စဉ်အတွင်း စာသင်ကျောင်းပေါ်ကိုတည့်တည့် ကျရောက်ခဲ့တာလို့ မြေပြင်သတင်းတွေအရသိရပြီး ဖြစ်စဉ်အတွင်း ဆရာမ ၂ ဦး သေဆုံးခဲ့ပြီး ကလေးငယ်အများအပြား ထိခိုက်သေဆုံးခဲ့ကြောင်းနဲ့ သေဆုံးသည့် အရေအတွက်ကို စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး သတင်းတွေမှာဖော်ပြမှုအရ လတ်တလော အလောင်းရရှိမှုအနေနဲ့ ကျောင်းသားကျောင်းသူတွေ အပါအဝင် ကလေးငယ် ၁၁ ဦး နဲ့ ဆရာမ ၂ ဦးရဲ့ အလောင်းတွေရရှိထားပြီး ဒဏ်ရာရရှိထားတဲ့ ကလေးငယ်တွေလည်း များပြားတယ်လို့ သိရပါတယ်။
မှတ်ချက် ။ (လက်ရှိအချိန်အထိ အိုးထိန်းရွာတွင် ရုပ်အလောင်း ၁၃ လောင်းထိရရှိထားကြောင်းS&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ မှ အတည်ပြုထုတ်ပြန်ထားသည်။)
ဓာတ်ပုံ : Social media