ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် လက်လှုပ်တောင်ရွာအတွင်းကို စစ်တပ်ကလေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၅ ဦးသေဆုံးပြီး ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူအုပ် ချုပ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။
လက်လှုပ်တောင်ရွာကို စစ်တပ်က ဧပြီလ ၂၃ ရက် ဒီကနေ့ မနက် ၁၀ နာရီ ၄၀ အချိန်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒီတိုက်ခိုက်မှုကြောင့် လက်လှုပ်ကျေးရွာနေ ဒေါ်လုံး၊ မဂျယ်ဦး(၁၃)နှစ်၊ ကိုဆန်းဇော်(၄၅) နှစ်၊ အောင်ကျော်ကျော်(၂၆)နှစ်၊ဒေါ်ဆောင်း(၈၀)နှစ်တို့ ပွဲချင်းပြီးသေဆုံးခဲ့ရပြီး၊ပြည်သူ (၇)ဦးထက်မနဲ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က ယခုရက်ပိုင်းအတွင်း ပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု တွေအဆက်မပြတ်ပြုလုပ်လျှက်ရှိရာ လေကြောင်းအသိ သတိအထူးဂရုစိုက်ကြဖို့လည်း ဒေသခံတွေကို သတိပေးထားပါတယ်။
ဓာတ်ပုံ – ဒီပဲယင်းမြို့နယ် ပြည်သူအုပ် ချုပ်ရေးအဖွဲ့