Homeပြည်တွင်းသတင်းဒီဇင်ဘာလ တတိယပတ်မှာ ရွေးကောက်ပွဲစတင်ပြုလုပ်ဖို့ စစ်ကောင်စီ စီစဉ်ထား

ဒီဇင်ဘာလ တတိယပတ်မှာ ရွေးကောက်ပွဲစတင်ပြုလုပ်ဖို့ စစ်ကောင်စီ စီစဉ်ထား

၁၀ ဧပြီ၊ ၂၀၂၅

၂၀၂၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာလ တတိယပတ်မှာ ပြုလုပ်ဖို့ လျာထားတယ်လို့ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်ကို စစ်ကောင်စီ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြချက်အရ သိရပါတယ်။

ယခုနှစ် ဒီဇင်ဘာလ တတိယပတ်နဲ့ စတုတ္ထပတ်၊ လာမည့်နှစ် ဇန်နဝါရီလ ပထမပတ်နဲ့ ဒုတိယပတ်တို့မှ ပြုလုပ်ဖို့ လျာထားတာဖြစ်တယ်လို့ သိရပါတယ်။

အနှောင့်အယှက်တွေ အခက်အခဲတွေ စိန်ခေါ်မှုတွေရှိလည်းရွေးကောက်ပွဲ အောင်မြင်ဖို့ အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ ပြည်သူတွေအားလုံး တစည်းတလုံးတည်းနဲ့ ဝိုင်းဝန်းပူးပေါင်း လက်တွဲကြိုးပမ်းဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

နိုင်ငံရေးပါတီတွေ အနေနဲ့ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်း၊ မဲဆွယ်စည်းရုံးတာတွေ ဆောင်ရွက်ဖို့ အချိန်လုံလုံလောက်လောက် ရရှိအောင် နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို မေ ၉ ရက် နောက်ဆုံးထား လျှောက်ထားကြဖို့ကိုလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဆိုပါတယ်။

လက်ရှိအချိန်မှာ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ဖို့ လျှောက်ထားတဲ့ပါတီ ၂၁ ပါတီ၊ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ပါတီ ၅၀၊ စုစုပေါင်း ၇၁ ပါတီ ရှိနေပြီလို့အချက်အလက်တွေအရ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read