Homeပြည်တွင်းသတင်းဒိုက်ဦးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူတွေ ထောင်ပြောင်းရွှေ့နိုင်မယ့်အခြေ အနေရှိတွေရှိ နေတယ်လို့ WOPP အသိပေး

ဒိုက်ဦးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူတွေ ထောင်ပြောင်းရွှေ့နိုင်မယ့်အခြေ အနေရှိတွေရှိ နေတယ်လို့ WOPP အသိပေး

၁၀ မေ၊၂၀၂၅

ဒိုက်ဦးဗဟိုအကျဉ်းထောင်မှ အကျဉ်းသား အကျဉ်းသူတွေကို ထောင်ပြောင်းရွှေ့အစီအစဉ်ရှိနေတဲ့ အတွက် ကြောင့် မိသားစုများအနေနဲ့ လိုအပ်တာတွေကို ကြိုတင်ပြင်ဆင်ထားနိုင်ဖို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ WOPP က ထုန်ပြန်အသိပေးထားပါတယ်။

WOPP က ကြားသိထားရတဲ့ သတင်းတွေအရ ရန်ကုန်-မန္တလေးအမြန်လမ်း ပဲခူးမြို့မှ ၃၂ မိုင်အတတ်လမ်းပိုင်း နေရာမှာရှိတဲ့ ပဲခူးထောင်အသစ်ကို ဒိုက်ဦးဗဟိုအကျဉ်းထောင်မှ ထောင်ဒဏ် ၁၀ နှစ်နှင့် ၁၀ နှစ်အောက် ကျခံနေရတဲ့ အကျဉ်းသားအကျဉ်းသူတွေကို တနင်္လာနေ့မှာ ပြောင်းရွှေ့မည်ဖြစ်ကြောင်း စာရင်းကောက် ယူထားပြီးဖြစ်တယ်လို့ အသိပေးထားပါတယ်။

ထောင်ပြောင်းရွှေ့အစီအစဉ်အများစုမှာ စနေနေ့ နဲ့ တနင်္ဂနွေနေ့တွေမှာသာ ပြောင်းရွှေ့ခြင်းလုပ်ဆောင်လေ့ရှိ တာကြောင့် အကျဉ်းသူ/သား မိသားစုဝင်တွေအနေနဲ့ သတင်းမပြတ်လေ့လာစောင့်ကြည့်ထားပေးကြဖို့ လညိး တိုက်တွန်းထားပါတယ်။

ထောင်ပြောင်းရွှေ့အစီအစဉ်အတွင်း နိုင်ငံရေးအကျဉ်းသား/သူ တွေလည်း ပါဝင်နေတာကြောင့် မလိုလား အပ်တဲ့ အခက်အခဲတွေနဲ့ ပြဿနာတွေ မဖြစ်ပေါ်လာစေဖို့ မိသားစုဝင်တွေအနေနဲ့ ယခုအချိန်မှစပြီး အကျဉ်း ထောင်အတွင်း သတင်းမပြတ်နားစွင့်ပေးထားကြဖို့နဲ့ လိုအပ်တာတွေ ပြင်ဆင်ထားဖို့ကိုလည်း WOPP က တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ – WOPP

ဆက်စပ် သတင်းများ

Most read