ပဲခူးတိုင်း ဒိုက်ဦးအကျဉ်းထောင်မှာ နိုင် ငံရေးအကျဉ်းးသူတဦးဖြစ်တဲ့ မမေသူနိုင်ဟာ နေမကောင်းလို့ လဲလျောင်းနေတဲ့အပေါ် စည်း ကမ်းဖောက်ဖျက်တယ်ဆိုတဲ့ အကြောင်းပြနဲ့ တိုက်ပိတ်အရေးယူခံနေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင် ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အသိပေးထုတ်ပြန်ထားပါတယ်။
မမေသူနိုင်ဟာ ပုဒ်မ ၅၂(က)နဲ့ မတရားအကျဉ်းချထိန်းသိမ်းခံနေရသည့် နိုင်ငံ ရေးအကျဉ်းသူတဦးဖြစ်ပြီးတော့ နံနက်ဘုရားရှိခိုးချိန်မှာ အိပ်နေတယ်ဆိုတဲ့ အကြောင်းပြချက်ဖြင့် ဝန်ထမ်းအင်အားသုံးပြီး အဆောင်တွင်းက ခေါ်ထုတ်ကာတိုက်ပိတ်ပြစ်ဒဏ်ပေးခဲ့တာဖြစ်တယ်လို့ဖော်ပြထားပါတယ်။
မမေသူနိုင်ဟာ နေမကောင်းဖြစ်နေသူတစ်ဦးဖြစ်ပြီး နံနက် ၅ နာရီဝန်းကျင် ဘု ရားရှိခိုးချိန်မှာ မထနိုင်တာကြောင့်လဲ လျောင်းနေခဲ့တဲ့အပေါ် အခုလို တိုက်ပိတ်ခဲ့တာဖြစ်ပြီး၊ ဒီလုပ်ရပ်အပေါ် အမျိုးသမီးအဆောင် ဦးစီးမှူးဒေါ်ဇင်မာကြည်အောင်က စေခိုင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
PPNM ရဲ့ မှတ်တမ်းတွေအရ ဒေါ်ဇင်မာကြည်အောင်ဟာ သူတာဝန်ယူတဲ့ကာလအတွင်းမှာ ဒိုက်ဦးထောင်မှာရှိတဲ့ နိုင်ငံ ရေးအကျဉ်းသူ အနည်းဆုံး ၃၀ဦးအပေါ် ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်ရိုက်နှက်တာတွေအပါ ဥပဒေမဲ့ တိုက်ပိတ်ပြစ်ဒဏ်တွေ လုပ်ဆောင်နေတဲ့ နာမည်ဆိုးနဲ့ ကျော်ကြားသူတဦးဖြစ်တယ်လို့ သိရပါတယ်။
လတ်တလော စစ်ကော်မရှင်လက်ထက်မှာ နိုင်ငံပုဒ်မတွေနဲ့ အကျဉ်းကျခံနေရသူတွေအပေါ် ဖိနှိပ်တာတွေ အမြဲမပြတ်လုပ်ဆောင်နေတဲ့အပြင် ကျန်းမာရေးစောင့်ရှောင့်မှုအပေါ် လစ်လျူရှုထားတာကြောင့် အကျဉ်းထောင်အတွင်း သေဆုံးသူတွေလည်း ရှိနေခဲ့တာကို တွေ့မြင်ရပါတယ်။
ဓာတ်ပုံ-PPNM


