Homeပြည်တွင်းသတင်းဒိုက်ဦးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသူ ၈ ဦးကို အကြောင်းပြချက်ခိုင်ခိုင်လုံလုံ မရှိဘဲ တိုက်ပိတ်ပြစ်ဒဏ်ပေးခံနေရဟုဆို

ဒိုက်ဦးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသူ ၈ ဦးကို အကြောင်းပြချက်ခိုင်ခိုင်လုံလုံ မရှိဘဲ တိုက်ပိတ်ပြစ်ဒဏ်ပေးခံနေရဟုဆို

၂၅ ဩဂုတ်၂၀၂၅

ဒိုက်ဦးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသူ ၈ ဦးကို အကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိဘဲ တိုက်ပိတ်ပြစ်ဒဏ်ပေးခံနေရတယ်လို့ ဒီနေ့ ဩဂုတ် ၂၅ရက်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအ ကျဉ်းသားများကွန်ရက် (PPNM)က အသိပေးထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပိတ်အပြစ်ပေးခံရသူတွေဟာ နိုင်ငံရေးအကျဉ်းသူ မနိုဗာနီနီထွေးအပါဒေါ်နုနုအောင်၊ မညိုညိုဝင်း၊ခင်ရတနာဝင်း ၊ မမြသန္တာအောင် ၊ မအေးအေးဝင်း၊ မချယ်ရီထွေးနဲ့ မစုနန္ဒာလှိုင်တို့ဖြစ်တယ်လို့ဆိုပါတယ်။

တိုက်ပိတ်အပြစ်‌ပေးရာမှာလည်း သူတို့ကို ထောင်အာဏာပိုင်တွေကအမျိုးသမီးအဆောင်တိုက်ထဲမှာ လူပြည့်နေတယ်လို့ဆိုပြီး အမျိုးသားအဆောင် ၄)နဲ့ စားဖို ဆောင်အကြားက နဂိုမူလအမျိုးသားတွေထားတဲ့တိုက်မှာ အပြစ်ပေးတိုက်ပိတ်ထားတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် နိုင်ငံရေးအကျဥ်းသူတွေရေချိုးရချိန်မှာ တိုက်အပြင်ဘက်ထွက်ကာ ချိုးရတာကြောင့် အမျိုးသားအ ဆောင်တွေမြင်နေရပြီး စိတ်လုံခြုံမှုမရှိတာမျိုးခံစားရတဲ့အပြင် ကျန်းမာရေးစောင့်ရှောက်တာဟာလည်းအား နည်းနေတယ်လို့ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသူ ၈ ဦးကို တိုက်ပိတ်ရတဲ့ဖြစ်စဉ်ဟာ လွန်ခဲ့တဲ့ ဇူလိုင်လ ၂၃ရက်နေ့မှာ အမျိုးသမီး (မေခ) အဆောင်ရဲ့ ‌အ ခန်း(၁)ကို အကျဉ်းဦးစီးဝန်ထမ်းတွေကရှာဖွေရေး(တရားမဝင်ပစ္စည်းတွေရှိ/မရှိ) ဝင်ရှာရာမှာ မနိုဗာနီနီထွေးရဲ့ နေရာအနီးမှာ ဖုန်းဘတ္ထရီတစ်ခုတွေ့တယ်လို့ စွပ်စွဲပြီး တိုက်ပိတ်ပြစ်ဒဏ်ပေးခံရတဲ့ဖြစ်စဉ်တစ်ခုဖြစ်တယ်လို့ဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်အတွက် မနိုဗာနီနီအေးရဲ့ လက်ဝယ်အတွင်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိ စွပ်စွဲပြီး ခွဲခြားအပြစ်ပေးတဲ့ပုံစံဖြစ်တဲ့အပေါ် တိုက်ပိတ်ပြစ်ဒဏ်မခံနိုင်ဘူးလို့တင်ပြခဲ့ပေမဲ့ ဦးစီးမှူး သုံးပွင့်အဆင့် ဒေါ်‌ ဇင်မာကြည်အောင်၊ တစ်ပွင့် ဒေါ်သဇင်မြင့်နှင့် တပ်သား ဖြိုးထက်ထက်အောင်တို့က ဆံပင်‌ကိုဆွဲပြီး ရိုက်နှက်ကာခေါိဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဒီမတရားလုပ်ဆောင်ချက်အပေါ် ကျန်နိုင်ငံရေးအကျဉ်းသူ ၇ ဦးက မတရားသောဖြစ်စဉ်ဖြစ်တဲ့အတွက် မနိုဗာနီနီအေးကို တိုက်ပိတ်ပြစ်ဒဏ်မပေးဖို့နဲ့ ဖိနှိပ်တာမလုပ်ဆောင်ဖို့အတွက် ဒိုက်ဦးအကျဉ်းထောင်အတွင်းမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသူတွေက ဝိုင်းဝန်းတောင်းဆိုခဲ့ရာမှာ အဲဒီတောင်းဆိုသူတွေကိုပါ တိုက်ပိတ်ပြစ်ဒဏ်ပေးခဲ့တာဖြစ်ပါတယ်။

ဒိုက်ဦးအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသူတွေကို အခုလိုအကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိဘဲ စွပ်စွဲရိုက်နှက်ဖိနှိပ်တာ၊ တိုက်ပိတ်တာတွေကို ပါဝင်ကျူးလွန်သူတွေဖြစ်တဲ့ နိုင်ငံသားစိစစ်ရေးအမှတ် ၁၂/ဥကမ(နိုင်)၁၆၂၁၆၁ ကိုင်ဆောင်သူဦးစီးသုံးပွင့် ဒေါ်ဇင်မာကြည်အောင်၊ နိုင်ငံသားစိစစ်ရေးအမှတ် ၇/ပခန(နိုင်)၂၇၀၈၁၅ ကိုင်ဆောင်သူ လ/ထကြီးကြပ်ရေးမှူး တစ်ပွင့် ဒေါ်သ ဇင်မြင့်၊ နိုင်ငံသားစိစစ်ရေးအမှတ် ၇/သဝတ(နိုင်)၁၃၂၇၉၂ ကိုင်ဆောင်သူ တပ်သား ဖြိုးထက်ထက်အောင်တို့ကို မှတ်တမ်းရယူထားပြီး ထိရောက်တဲ့ ပြစ်ဒဏ်တွေပေးနိုင်ဖို့ ကျူးလွန်မူတစ်ခုခြင်းစီအတွက် ညီမျှတဲ့ တာဝန်ခံမှု ရှိစေရေး ကြိုးစားဆောင်ရွက်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM)ကို ဖော်ပြထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး