ဒိုက်ဦးအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၁၆ ဦးကို လူစုလူဝေးပြု လုပ်တယ်လို့ဆိုတဲ့ စွပ်စွဲချက်နဲ့ မတရား ဒေါက်ခတ်တိုက်ပိတ်လိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်း သားများကွန်ရက်(PPNM) ဒီကနေ့ အောက်တိုဘာ ၁၁ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလ၂ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသား ၁၆ဦးကို ၅ယောက်တစ်စုနှုန်း လူခွဲပြီး ပြစ်ဒဏ်တိုက်ခန်းတွေမှာတိုက်ပိတ်ထားဆဲဖြစ်ပြီး ခြေကျင်းဒေါက်တွေကိုပါ ခတ်ခံထားရဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ပြစ်ဒဏ်ကြောင့် တိုက်ပိတ်ထားပေမဲ့
တိုက်ပိတ်ခံထားရတြဲ နိုင်ငံရေး အကျဉ်း သားတွေဟာ မည်သည့်ပြစ်မှုကိုမှ ကျူး လွန်ခဲ့တာမရှိဘဲ နိုင်ငံရေးအကျဉ်းသားတစ်ဦးအား အခြားရာဇဝတ်အကျဉ်း သားတွေကဝိုင်းဝန်းထိုးကြိတ်တဲ့အပေါ် မကျေနပ်တဲ့အတွက် ဖြေရှင်းပေးဖို့ အ ဆောင်မှူးကို တင်ပြခဲ့တာဖြစ်ပြီး ဖြစ်စဉ်အပေါ် ဖြေရှင်းပေးတာမျိုးမရှိဘဲ လာရောက်တင်ပြသူတွေကိုသာ လူစုလူဝေးပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တိုက်ပိတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်ပိတ်ခံထားရဆဲ နိုင်ငံရေးအကျဉ်းသားတွေဟာ ဉာဏ်လင်းနိုင်၊ သဲဦးပိုင်၊ ခန့်ညားသူ၊ ကိုလင်း၊ ကျော်လင်းမောင်၊ ဇော်မျိုး၊ရှမ်းလေး၊မင်းနိုင်ထွန်း(ခ) ကြက်ဖကြီး၊ ကျော်သူရဝင်း(ခ)ကျော်ကြီး၊ ဇော်မင်းထိုက်၊ မျိုးကြီး၊ဇော်ကြီး၊ ဇင်မျိုးထိုက်၊ထက်လင်း ၊ဇင်ကိုဖြိုး ၊အာကာမင်းနှင့် ဗူးသီး တို့ဖြစ်ပြီး အဲဒီ
တိုက်ပိတ်ခံထားရသူတွေရဲနောက် ဆက်တွဲ ကိစ္စရပ်တွေအပေါ် ဒိုက်ဦး ထောင်အာဏာပိုင်နဲ့အကျဉ်းဦးစီးအရာရှိတွေကအထူးတာဝန်ယူကြရမယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် မတရား တိုက်ပိတ်ပြစ်ဒဏ်ပေးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုအမြန်ဆုံး တိုက်ပြန်ဖွင့်ပြီး မူလအဆောင်တွေမှာထားရှိဖို့ PPNM အနေနဲ့ တောင်းဆိုထားပါတယ်။
အခုလို နိုင်ငံရေးအကျဉ်းသားတွေအပေါ် မတရားဖိနှိပ်နေတဲ့သက်ဆိုင်ရာ ဒိုက်ဦးအကျဉ်းထောင်က အကျဉ်းဦးစီးဝန်ထမ်းအရာရှိတွေနဲ့အကျဉ်းဦးစီးဝန်ထမ်းတွေကို ထိရောက်တဲ့တရားမျှတမှုကို ပြန် လည်ပေးအပ်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။
PPNM အနေနဲ့အကျဉ်းထောင် ၄၀ကျော်ကိူ စောင့်ကြည့်ပြီး ထောင်တွင်းလူ့အခွင့် အရေးနဲ့အကျဉ်းသားအခွင့်အရေးချိုးဖောက်တာတွေကိုစောင့်ကြည့်လျက်ရှိပြီး ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်သည် နိုင်ငံရေးအကျဉ်းသားတွေအပေါ် ဖိနှိပ်မှုအများဆုံး ထောင် ၅ ခုထဲတွင် တစ်ခုအပါအဝင် ဖြစ်နေတယ်လို့ ဆိုပါတယ်။


