Homeပြည်တွင်းသတင်းဒိုက်ဦးထောင်မှာ ပုံစံကြေးမပေးတဲ့ နိုင်/ကျဉ်းတွေကို ထောင်အာဏာပိုင်တွေ ရိုက်နှက်

ဒိုက်ဦးထောင်မှာ ပုံစံကြေးမပေးတဲ့ နိုင်/ကျဉ်းတွေကို ထောင်အာဏာပိုင်တွေ ရိုက်နှက်

၁၅ ဩဂုတ်၊၂၀၂၄

ပဲခူးတိုင်း ဒိုက်ဦးအကျဥ်းထောင်မှာ ထောင်အာဏာပိုင်တွေ နိုင်ငံရေးအကျဉ်းသားတွေဆီက ပုံစံ ကြေးတွေ တောင်းခံနေပြီး မပေးပါက ဖိနှိပ်မှုတွေကိုပြုလုပ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံ ရေးအကျဉ်းသား များကွန်ရက်(PPNM)က ထုတ်ပြန်လာပါတယ်။

လက်ရှိ အကျဉ်းထောင်အတွင်းလည်း အဆောင်မှူး သီဟအောင်ဆိုသူက အခြားရာဇဝတ်အကျဥ်းသားတွေနဲ့ ပူးပေါင်းပြီး နိုင်/ကျဥ်းများထံမှ ပုံစံကြေးဟုဆိုကာ ငွေကျပ် တစ်သိန်းအထိ တောင်းခံနေတာဖြစ်တယ်လို့ ဆိုပါတယ်။။

ပုံစံကြေးမပေးနိုင်တဲ့ နိုင်/ကျဥ်းတွေ ကို ထောင်အာဏာပိုင်တွေက ခြေထောက်နဲ့ ကန်ခြင်း၊ ရိုက်နှက်ခြင်း စတဲ့ ညှဥ်းပမ်းနှိပ်စက်မှုတွေ ပြုလုပ်ရုံသာမက မအေနှမ မစာနာဘဲ ညစ်ညမ်းစွာ စော်ကား ဆဲဆိုပြောဆိုခြင်း၊ နိုင်/ကျဥ်း တစ်ဦးလျှင် တစ်သိန်းနှုန်းဖြင့် ခန့်မှန်း ၂၀၀ ဦးခန့်အား တရားမဝင် ငွေကြေး ကောက်ခံခြင်းတွေကို ထောင်ပြောင်း နိုင်/ကျဥ်းတွေထံ အနိုင်ကျင့် ဗိုလ်ကျ ကောက်ခံနေတယ်လို့လည်း ဆိုပါတယ်။

ထိုကဲ့သို့ ဒိုက်ဦးထောင်အတွင်း နိုင်/ကျဉ်းတွေအပေါ် ထောင်အာဏာပိုင်တွေက ဖိနှိပ်မှုတွေ ပြုလုပ်နေပြီး အခြား လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ ဖြစ်စဉ်တွေကိုလည်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန် ရက် မှ စုံစမ်းဖော်ထုတ်သွားမယ်လို့လည်း ဆိုပါတယ်။

ဆက်စပ် သတင်းများ

Most read