ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့ နယ်၊ကနောင်မင်းသားကြီးလမ်းအထက (၃)ကျောင်းအနီးမှာ YBS ယာဉ်တစ်စီး အရှိန်လွန်မောင်းနှင်ရာကနေ ယာဉ်တိုက်မူဖြစ်ပြီး အမျိုးသားတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ ၂၅ ရက်နေ့ မနက် ၈ နာရီဝန်းကျင်အချိန်က ဖြစ်ပွားခဲ့တာဖြစ်ပြီး YBS 34 ယာဉ်ဟာ ကျော်တက်မောင်းရာကနေ တဘက်ယာဉ်ကြောက တက္ကစီနဲ့ ကုန်တင်ကားတစ်စီးကို ရှေ့ကမောင်းနှင်နေတဲ့ ဘေးတွဲဆိုင်ကယ်ကယ်ရီကို ထပ်မံတိုက်မိခဲ့တာလို့ ကူညီပေးခဲ့သူတွေက ပြောပါတယ်။
အဆိုပါယာဉ်တိုက်မှုကြောင့် ဘေးတွဲဆိုင်ကယ်ကယ်ရီမောင်းနှင်သူ အမျိုးသားမှာ သေဆုံးခဲ့ပြီး YBS 34 ယာဉ်လိုင်းမောင်းသူကတော့ ထွက်ပြေးသွားတယ်လို့ အကူအညီပေးခဲ့တဲ့ လူမှုကူညီရေးအသင်းဆီကသိရပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို လူမှုကူညီရေးအသင်းကသင်္ကန်းကျွန်းစံပြဆေးရုံကြီးထံ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။


