၅ ဇန်နဝါရီ၊ ၂၀၂၅
(Su Su)
ရန်ကုန်မြို့ ဒဂုံမြို့နယ်မှာ နေထိုင်သူ အမျိုးသမီးတစ်ဦး ဆေးခန်းတစ်ခုမှာ treatment လုပ်ရင်း ပျောက်ဆုံးနေရာက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်နေ့ညနေပိုင်းက ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းမှာ သေဆုံးလျက်ပြန်တွေ့ခဲ့တယ်လို့ သေဆုံးသူရဲ့ မိသားစုဝင်တွေရဲ့ ပြောဆိုမှုအရ သိရပါတယ်။
အဆိုပါ သေဆုံးသူအမျိုးသမီးမှာ အသက် ၂၇ နှစ်သာရှိသေးပြီး ဒီဇင်ဘာ ၂၄ ရက်နေ့ ညနေ ၄ နာရီ နောက်ပိုင်း အလုပ်မှ Duty ထွက်သွားပြီ ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ဇန်နဝါရီ ၂ ရက်နေ့တွင် ဒဂုံဆိပ်ကမ်းမြို့နယ်မှာ သေ ဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။
“ကျွန်တော်တို့ အမှုမှန်ပေါ်စေချင်တယ်။ ပြန်တွေ့တော့ ကလေးက ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီ။ ဗိုက်တွေမှာ လည်းချုပ်ရာချည်းပဲ။ အစက ကျောက်ကပ်ထုတ်ခံထားရတာလို့ထင်တာ။ နောက်ပိုင်းသိရတာက ဆေးခန်း တစ်ခုမှာ treatment လုပ်ရင်း သေသွားတယ်လို့ သိရတယ်။ လက်စလက်နဖျောက်လိုက်တဲ့သဘောပေါ့။ အဲဒီဆေးခန်းကို သိသိချင်းဆက်သွယ်ပြီးပြောတာ ကျွန်တော်တို့ကို ဆဲဆိုရိုင်းပြစွာ ဆက်ဆံပါတယ်။ ဘူးခံ ငြင်းပါတယ်။ မဟုတ်ဘူးဆိုပြီး။ မတရားဘူး။ အမှုမှန်ပေါ်အောင် အားလုံးကူညီပေးစေချင်ပါတယ်” ဟု သေဆုံးသူအမျိုးသမီးရဲ့ မိသားစုဝင်က New Day Myanmar ကိုပြောပါတယ်။
ကနဦးစုံစမ်းသိရှိရတဲ့ သတင်းတွေအရ clinic ဘက်မှ treatment ယူနေစဥ် လွှဲမှားစွာလုပ်ဆောင်ခဲ့ပြီး တာဝန်မယူဘဲ အလောင်းအား လူမဆန်စွာဒဂုံဆိပ်ကမ်းဘက်တွင်အလောင်းသွားဖျောက်ခဲ့ကြောင်း လက်ရှိ ချိန်တွင် clinic ဘက်မှတာဝန်ယူမှုတစ်စုံတစ်ရာမရှိဘဲထွက်ပြေးတိမ်းရှောင်သွားပြီး ဆေးခန်းပိုင်ရှင် ဘက်မှ လဲငြင်းဆန်၍ ရိုင်းပြစွာပြောဆိုပြီးအစဖျောက်ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုရာ clinic ဘက်က ဖြေရှင်းပြောဆိုတာမျိုးမရှိသေးဘူးလို့လည်း သိရပါတယ်။
လက်ရှိ လူမှုကွန်ရက်တွင်လည်း နောက်လူများလဲသတိဖြင့်ဆင်ခြင်နိုင်ရန် အဆိုပါclinic ဆေးခန်းလိပ်စာနှင့် တကွ ဖော်ပြမှုတွေရှိနေပါတယ်။
Photo – Facebook