Homeပြည်တွင်းသတင်းဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မဝတ်ရည်အောင်ရဲ့ရုပ်အလောင်းကို အင်းစိန်ဆေးရုံကနေ ရေဝေးသုဿန်ကိုပို့ ဆောင်

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မဝတ်ရည်အောင်ရဲ့ရုပ်အလောင်းကို အင်းစိန်ဆေးရုံကနေ ရေဝေးသုဿန်ကိုပို့ ဆောင်

၂၁ ဇူလိုင် ၂၀၂၅

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မဝတ်ရည်အောင်ရဲ့ ရုပ်အလောင်းကို ဒီကနေ့ ဇူလိုင်၂၁ရက်မှာ အင်းစိန်ဆေးရုံကနေ ရေဝေးသုဿန်သို့ ပို့ဆောင်ခဲ့တယ်လို့ နာရေးကူညီမှုအသင်း (ရန်ကုန်)က အသိပေးထားပါတယ်။

အဲဒီလိုပို့ဆောင်ရာမှာ နာရေးကူညီမှုအသင်း (ရန်ကုန်)ရဲ့ နာယကကြီးဒေါ်သန်းမြင့်အောင်၊ရုပ်ရှင်သရုပ်ဆောင်ထွန်းကိုကိုနဲ့အသင်းသူ/သားတွေကပို့ဆောင်ကူညီပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အသက်(၂၆)နှစ်အရွယ် မဝတ်ရည်အောင်ဟာ ဇူလိုင်၂၀ ရက်မှာ အင်းစိန်အကျဉ်းထောင်အတွင်း ကွယ်လွန်သွားခဲ့တာဘဲဖြစ်ပါတယ်။

သူမဟာ စစ်ကောင်စီ စစ်ကြောရေးက နှိပ်စက်ညှင်းပန်းခဲ့တဲ့ဒဏ်တွေကိုအကျဉ်းထောင်အတွင်း လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရတာကြောင့် ကွယ် လွန်ခဲ့ရတာဖြစ်တယ်လို့နိုင်ငံရေးအကျဉ်းသူအဖွဲ့-WOPP အသိပေးထားပါတယ်။

မဝတ်ရည်အောင်ဟာ စစ်တပ်အာဏာ သိမ်းလိုက်တဲ့အပေါ် ဆန့်ကျင်ဆန္ဒပြခဲ့တာကြောင့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့မှာ အခြားကျောင်းသား (၅) ဦးနဲ့အတူ ကျောက်တံတားမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး၊ ပုဒ်မ ၅၀၅ (က) ကနဲ့ထောင်ဒဏ် (၃) နှစ်၊ ပုဒ်မ ၅၂ (က)နဲ့ ထောင်ဒဏ် ၄ နှစ် စုစုပေါင်း (၇)နှစ် ကိခံနေရတဲ့ ကျောင်းသူတစ်ဦးဖြစ်ပါတယ်။

ဓာတ်ပုံ – နာရေးကူညီမှုအသင်း (ရန်ကုန်)

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး