Homeပြည်တွင်းသတင်းထီးချိုင့်မြို့နယ်၊ မောင်းကုန်းရွာကို လေကြောင်းက ဗုံးကြဲမှုသေဆုံးသူ ၉ ဦးအထိ တိုးလာ

ထီးချိုင့်မြို့နယ်၊ မောင်းကုန်းရွာကို လေကြောင်းက ဗုံးကြဲမှုသေဆုံးသူ ၉ ဦးအထိ တိုးလာ

၃ စက်တင်ဘာ၊ ၂၀၂၄

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် မောင်းကုန်းရွာကို စစ်ကောင်စီက လေကြောင်းက ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ သေဆုံးသူအရေအတွက် ၉ ဦးအထိ ရှိပြီလို့ သိရပါတယ်။

စက်တင်ဘာလ ၁ ရက်၊ နေ့လည် ၂ နာရီ ၃၀ ဝန်းကျင်မှာ မိတ္ထီလာ လေတပ်က တက်လာတဲ့ စစ်ကောင်စီလေတပ်က မောင်းကုန်းရွာဈေးအနီးက ပိပိရိရိဆိုင်နဲ့ ဂရိတ်ဝေါသကြားစက် ဂိတ်ပေါက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ထီးချိုင့်တော်လှန်ရေး(TR) က ဆိုပါတယ်။

ပိပိရိရိဆိုင်ရှေ့ မှာ ကျရောက်ပေါက်ကွဲခဲ့တဲ့ဗုံးဟာ ဆီပေပါတင်ထားတဲ့ ကားပေါ်ကို ကျရောက် ပေါက်ကွဲတဲ့အတွက် ပြည်သူ ၉ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲ ဒဏ်ရာပြင်းထန်သူတွေလည်း ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ အရပ်သားတွေ ရောင်းဝယ်ဖောက်ကားနေတဲ့ဈေးထဲကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲချတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလမှာ စစ်ကိုင်းတိုင်း ကမ်းနီရွာဈေးကို လေကြောင်းက ဗုံးကြဲချခဲ့ဖူးပါတယ်။ အချိန်မီ ဗုံးခိုကျင်းတွေထဲ ရှောင်တိမ်းနိုင်တာကြောင့် သေဆုံးသူမရှိဘဲ ပြင်းထန် ဒဏ်ရာရရှိသူ ၂ ဦးနဲ့ သာမန် ထိခိုက်ဒဏ်ရာရသူ ၅ ဦးသာ ရှိခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၉ ရက်မှာလည်း စစ်တွေ မြို့မဈေးအနီးက ကိုရီးယားဈေးထဲကို စစ်ကောင်စီက ရေကြောင်းက လက်နက်ကြီးနဲ့ ချိန်ရွယ်ပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူ ၁၂ ဦးသေဆုံးပြီး ၈၀ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

ပုံစာ- (ထီးချိုင်မြို့နယ် မောင်းကုန်းကျေးရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။
Photo – ထီးချိုင့် ပအဖ

ဆက်စပ် သတင်းများ

Most read