Homeပြည်တွင်းသတင်းထိုင်း မြန်မာနယ်စပ်က ဝ တပ်စခန်း ၉ ခုကို ဖယ်ပေးဖို့ ထိုင်း တောင်းဆို

ထိုင်း မြန်မာနယ်စပ်က ဝ တပ်စခန်း ၉ ခုကို ဖယ်ပေးဖို့ ထိုင်း တောင်းဆို

၂၆ နိုဝင်ဘာ၊ ၂၀၂၄ ထို

ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်ဒေသအတွင်းက ဝ တပ်ဖွဲ့ (UWSA) တပ်စခန်း ၉ ခုကို ဖယ်ပေးဖို့ ထိုင်းက တောင်းဆိုထားတယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြပါတယ်။

ဒီသတင်းဟာ မှန်ကန်တဲ့အကြောင်း UWSA ပြင်ပဆက်ဆံရေးရုံး တာဝန်ရှိသူ ဦးညီရန်းကလည်း အတည်ပြု ပြောဆိုသွားပါတယ်။

၀ပြည်တောင်ပိုင်း ၁၇၁ ဒေသဧရိယာ အတွင်းကတပ်စခန်း ၉ခု ဖယ်ခိုင်းတာ မှန်ကန်ကြောင်းနဲ့ အစိုးရ အချင်းချင်းဆွေးနွေးရမယ့် ကိစ္စရပ်ဖြစ်ကြောင်း ပြောဆိုပါတယ်။

ဒါ့အပြင် ထိုင်းဘက်က အကြောင်းကြားလာမှုကို စစ်ကောင်စီဘက်ကို သတင်းပို့ထားတယ်လို့လည်း ဆိုပါတယ်။ ဝ နယ်မြေ ၁၇၁ စစ်ဒေသဟာ ရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းဆတ်ခရိုင်အတွင်းရှိပြီး ထိုင်းနိုင်ငံဘက်ခြမ်းမှာ မယ်ဟောင်ဆောင်ဒေသ ၊ ပိုင် ခရိုင်နဲ့ ထိစပ်နေပါတယ်။

ဒီဒေသက တပ်စခန်း ၇ ခုကို လာမယ့်ဒီဇင်ဘာ ၁၈ ရက်မှာ နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့ ထိုင်းဘက်က တောင်းဆိုထားတယ်လို့ ထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Khaosod ကလည်း ဖော်ပြပါတယ်။

Doi Hua Ma၊ Nong Luang အခြေစိုက်စခန်းနဲ့ ပိုင်ခရိုင်ထဲက တခြားတပ်စခန်း ၇ နေရာဖယ်ရှားပေးဖို့ ထိုင်းဘက်က တောင်းဆိုထားတာ ဖြစ်ပါတယ်။ လက်ရှိနယ်စပ်ဒေသဘက်မှာ အခြေအနေ တင်းမာနေပြီး ထိုင်းဘုရင့်တပ်မတော်ဘက်က ဟောင်ဝစ်ဇာအမြောက်တွေကိုပါ ပစ်ခတ်ဖို့ အသင့်ပြင်ထားပြီး စစ်ရေးတင်း မာနေတယ်လို့ ဆိုပါတယ်။

ပုံစာ – ထိုင်းသတင်း Khaosod မှာ တင်ထားတဲ့ သတင်းဓာတ်ပုံ

Photo – Khaosod

ဆက်စပ် သတင်းများ

Most read