Homeပြည်တွင်းသတင်းထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံ စစ်ရေးပြန်လည် တင်းမာလာ

ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံ စစ်ရေးပြန်လည် တင်းမာလာ

၁၀ နိုဝင်ဘာ ၂၀၂၅

ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံ အပစ်အ ခတ် ရပ်နားထားရာကနေ ဒီကနေ့ နိုဝင် ဘာလ ၁၀ ရက်နေ့မှာ နှစ်နိုင်ငံ စစ်ရေးပြန်လည်တင်းမာလာတယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြထားချက်အရ သိရပါတယ်။

ဒီနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းမှာPha nom Dong Rak ခရိုင်က Ta Mue an Thom နတ်ကွန်းမှာ ကမ္ဘောဒီးယားတပ်ဖွဲ့တွေဘက်က ထိုင်းပိုင်နက်ဘက်ကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် တင်းမာလာတာဖြစ်တယ်လို့ ဆိုထားပါတယ်။

လတ်တလော ထိုင်းစစ်တပ်ဘက်က ပြန် လည် ပစ်ခတ်တာတွေ မလုပ်သေးပေမယ့်၊ နှစ်ဖက် စစ်သားတွေဟာ အခုအခါမှာ အနီးကပ် ထိပ်တိုက်ရင်ဆိုင်နေကြပြီး အခြေအနေ အလွန်အမင်းတင်းမာနေတယ်လို့သိရပါတယ်။

ဒီဖြစ်ရပ်ကြောင့် Surin ခရိုင်က ထိုင်း- ကမ္ဘောဒီးယားနယ်စပ်မှာလည်း တင်းမာတဲ့အခြေအနေတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး