Homeပြည်တွင်းသတင်းထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံပဋိပက္ခ ဖြစ်စဉ်အတွင်း ပိုမိုဆိုးရွားစေမည့် ပို့စ်တွေ ကွန်မန့်ရေးတာတွေသတိထားရှောင်ကျဉ်ကြရန် NUG နိုင်ငံခြားရေးဝန်ကြီး သတိပေး

ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံပဋိပက္ခ ဖြစ်စဉ်အတွင်း ပိုမိုဆိုးရွားစေမည့် ပို့စ်တွေ ကွန်မန့်ရေးတာတွေသတိထားရှောင်ကျဉ်ကြရန် NUG နိုင်ငံခြားရေးဝန်ကြီး သတိပေး

၂၄ ဇူလိုင် ၂၀၂၅

ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံပဋိပက္ခ ဖြစ် စဉ်အတွင်း ပိုမိုဆိုးရွားစေမည့် ပို့စ်တွေ ကွန်မန့်ရေးတာတွေသတိထားရှောင်ကျဉ်ကြရန် အမျိုးသားညီညွှတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဒီကနေ့ ဇူလိုင် ၂၄ ရက်မှာသတိပေးနှိုးဆော်ပါတယ်။

ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားများအနေနဲ့ လုပ်ငန်းခွင်အတွင်း ထိုင်းနိုင်ငံသားမျာသာမက ကမ္ဘောဒီယားနိုင်ငံသားများနဲ့ပါ အတူတကွလုပ်ငန်းလုပ်ကိုင်နေကြတာဖြစ်တာကြောင့် သတိနဲ့ ဂရုတစိုက်နေထိုင်ကြဖို့ လိုတယ်လို့ ဆိုပါတယ်။

နယ်စပ်ဒေသတွင် ရောက်ရှိခိုလှုံနေသူတွေ၊ ခရီးသွားလာသူ မြန်မာနိုင်ငံသားတွေအနေနဲ့ မိမိရောက်ရှိနေတဲ့ သက်ဆိုင် ရာနိုင်ငံလုံခြုံရေးတာဝန်ရှိသူတွေရဲ့ ညွှန် ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ကြဖို့နဲ့ နှစ်နိုင်ငံ တိုက်ခိုက်မှုများအတွင်း အရပ်သားသေဆုံးမှုတွေရှိလာတာကြောင့်တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့အနီးဝန်းကျင်ဒေသတွေကနေရှောင်ရှားကြဖို့တိုက်တွန်းထားပါတယ်။

ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံပဋိပက္ခ ဖြစ်စဉ်အား ထိုင်းနိုင်ငံအတွင်း ရောက်ရှိခိုလှုံနေတဲ့ မြန်မာနိုင်ငံသားတွေအနေခက်စေဖို့ စစ်ကောင်စီဘက်က ဆိုရှယ်မီဒီယာတွေပေါ်မှာ ရည်ရွယ်ချက်ရှိရှိ အမုန်းစကားအသွင်ဆောင်တဲ့ ပို့စ်တင်တာတွေ၊ ကွန်မန့်ရေးသားတာတွေ လုပ်ဆောင်နေတာကို သတိပြုမိတဲ့အတွက် မြန်မာနိုင်ငံသားတွေအနေနဲ့ မည်သည့် ပို့စ်အောက်တွင်ဖြစ်စေ ကွန်မန့်ဝင်ရေးတာတွေရှောင်ရှားကြဖို့ ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းတွေကလည်း တိုက်တွန်းထားပါတယ်။

ပုံစာ – ထိုင်းနိုင်ငံ Sisaket ခရိုင် Kantharalak မြို့နယ် Ban Phue မှာရှိတဲ့စက်သုံးဆီဆိုင်ဝန်းထဲသို့ကမ္ဘောဒီးယားဘက်ကပစ်လိုက်တဲ့ဗုံးကြောင့်ဆဲဗင်းအလဲဗင်းစတိုးမီးလောင်ပြီးနောက် မြင်ကွင်း

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး