နယ်စပ်ပဋိပက္ခတွေနဲ့ တိုက်ပွဲပြင်းထန်နေကြတဲ့ ထိုင်း-ကမ္ဘောဒီးယားအရေး ကုလသမဂ္ဂက ဒီနေ့မှာ တံခါးပိတ်ဆွေးနွေးမယ်လို့ သိရပါတယ်။
ဇူလိုင် ၂၄ ရက်က စတင်လာတဲ့ အငြင်းပွားမှုမှာ ကမ္ဘောဒီးယားဘက်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိုင်းပြည်သူ(၂)ဦး သေဆုံးခဲ့တာက စပြီး ကမ္ဘောဒီးယားဘက်ကို ထိုင်းက တိုက်လေယာဉ်တွေနဲ့ တုံ့ပြန်ပစ်ခတ်မှုအပေါ် “ထိုင်းဟာ အင်အားအလွန်အကျွံအသုံးပြုနေတာကြောင့် ကုလသမဂ္ဂအနေနဲ့ကူညီဖြေရှင်းပေးသင့်ကြောင်း” စာတစောင်ကို ကမ္ဘောဒီးယားဝန်ကြီးချုပ်က ရေးသားခဲ့ပါသေးတယ်။
နှစ်နိုင်ငံ အပြန်အလှန် စွပ်စွဲပြစ်တင်မှုများအကြား တိုက်ပွဲ ပိုမိုပြင်းထန်နေပြီး ထိုင်းပြည်သူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ရသလို ၁ သိန်းကျော် စစ်ဘေးရှောင်နေရကြောင်း ထိုင်းနိုင်ငံက သတင်းထုတ်ပြန်ထားပါတယ်။
ထိုင်းနိုင်ငံအနှံ့အပြားမှာရှိတဲ့ ကမ္ဘောဒီးယား ရွေ့ပြောင်းအလုပ်သမား ၃၀၀၀ကျော်ကတော့ ဒီနေ့ ယနေ့မနက် ဇူလိုင် ၂၅ မှာ နယ်စပ်ဖြတ်ကျော်ပြီး အိမ်ကိုပြန်သွားကြပြီဖြစ်ပါတယ်။


