Homeနိုင်ငံတကာသတင်းထိုင်း- ကမ္ဘောဒီးယားတိုက်ပွဲကြောင့် ထိုင်းနိုင်ငံအတွင်းက စာသင်ကျောင်း ၅၀၀ ကျော် ပိတ်ထားရ

ထိုင်း- ကမ္ဘောဒီးယားတိုက်ပွဲကြောင့် ထိုင်းနိုင်ငံအတွင်းက စာသင်ကျောင်း ၅၀၀ ကျော် ပိတ်ထားရ

၂၄ ဇူလိုင် ၂၀၂၅

ထိုင်း- ကမ္ဘောဒီးယားတိုက်ပွဲကြောင့် စူရင်၊ ဆိုင်စကက်နဲ့ ဘူရီရမ်မြို့တွေက စာသင်ကျောင်း ၅၈၂ ကျောင်းကို ပိတ်ထားလိုက်ရပြီဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

ဓီကနေ့ ဇူလိုင်၂၄ ရက် မနက် ၈နာရီကနေ စတင်ဖြစ်ပွားခဲ့တဲ့ နှစ်နိုင်ငံတိုက်ပွဲကြောင့် ၈ နှစ်အရွယ်ကလေးငယ်တဦးအပါအဝင် ထိုင်းနိုင်ငံသား ၉ ဦး သေဆုံးကာ ၁၄ ဦးထက်မနည်း ဒဏ်ရာရထားတယ်လို့ ဆိုပါတယ်။

လတ်တလောမှာ ကမ္ဘောဒီးယားဝန်ကြီး ချုပ်ဟောင်း ဟွန်ဆန်က သူရဲ့ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ဖနွမ်းပင်ကနေ တရုတ်နိုင်ငံကို ဦးတည်ခွာသွားတယ်လို့လည်း သိရတယ်။

ဒီကနေ့တိုက်ပွဲအအတွင်း ကမ္ဘောဒီးယားစစ်တပ်ရဲ့ BM-21 ဒုံးကျည်တွေနဲ့ပစ်ခတ်တာကြောင့် ဆိုင်စကက်ဒေသက PTT ဓာတ်ဆီဆိုင်ထိမှန်ကာ 7/11 စတိုးဆိုင် ကိုလည်းမီးကူးစက်လောင်ကျွမ်းပြီး အရပ်သားသေဆုံးမှု အများဆုံးဖြစ်ပွားခဲ့ပါတယ်။ Phnon Dong Rak ဆေးရုံဝန်းအတွင်းလည်း လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့ပါတယ်။

ထိုင်းကျန်းမာရေးဝန်ကြီးဌာနက အရေးပေါ် တုံ့ပြန်ရေးအစီအစဉ်တွေ စတင်လုပ်ဆောင်နေပြီး ဒုံးကျည်ထိမှန်ခဲ့တဲ့ လူနာတွေကို ပြောင်းရွှေ့ကုသတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။

တိုက်ပွဲအတွင်း ကမ္ဘောဒီးယားက အတွဲလိုက်ဒုံးတွေနဲ့တိုက်ခိုက်သလို ထိုင်းဘက်ကလည်း F-16 တိုက်လေယာဉ်တွေ၊လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အပြင် မြေပြင်မှာ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ ဖြစ် ပွားနေတယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားမှုနဲ့ပတ်သက်လို့ ထိုင်းနဲ့ကမ္ဘောဒီးယား နှစ်နိုင်ငံလုံးဟာ အပြန် အလှန် စွပ်စွဲပြစ်တင်နေပြီး၊ ကမ္ဘောဒီးယားဘက်က သေဆုံးဒဏ်ရာရတဲ့အခြေအနတွေကို New Day Myanmar က မသိရှိရသေးဘဲ အတည်ပြုနေဆဲဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး