Homeနိုင်ငံတကာသတင်းထိုင်း-ကမ္ဘောဒီးယားစစ်ပွဲကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအနေနဲ့ ကြားဝင်ဖြေရှင်းဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွမ်မာနက် တောင်းဆို

ထိုင်း-ကမ္ဘောဒီးယားစစ်ပွဲကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအနေနဲ့ ကြားဝင်ဖြေရှင်းဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွမ်မာနက် တောင်းဆို

၂၄ ဇူလိုင်၂၀၂၅

ထိုင်း-ကမ္ဘောဒီးယားစစ်ပွဲကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအနေနဲ့ ကြားဝင်ဖြေရှင်းဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွမ်မာနက်က တောင်းလိုက်တယ်လို့ ဖနွမ်းပင်ပို့စ်က ဖော်ပြထားပါတယ်။

နယ်မြေပိုင်နက်အငြင်းပွားမှုနဲ့ ထိုင်းနှင့် ကမ္ဘောဒီးယားယ်စပ်မှာ နှစ်ဖက်တပ်တွေ ပစ်ခတ်တိုက်ခိုက်တာတွေနဲ့ပတ်သက်လို့ ထိုင်းရဲ့ ကြိုတင်ပြင်ဆင်ထားတဲ့ ရန်စပစ် ခတ်တာကိုအမြန်ဆုံးကြားဝင်ဖြေရှင်းပေးဖို့ ကုလလုံခြုံရေးကောင်စီအလှည့် ကျဥက္ကဌ ပါကစ္စတန် အာဆင်အစ်ဖ်တီကာအာမက်ဆီကို စာရေးသားတောင်းဆိုလိုက်တာလို့ သိရပါတယ်။

ကမ္ဘောဒိးယားခေါင်းဆောင် ဟွမ်မာနက်က လုံခြုံရေးကောင်စီအစည်းအဝေး ချက်ချင်းဆင့်ခေါ်ပြီး ထိုင်းစစ်တပ်ဘက်ကအင်အား အားကိုးဖြင့် ကြမ်းတမ်းစွာရန်စနေတာ၊ ကမ္ဘောဒီးယားပိုင်နယ်မြေအချုပ်အခြာအာဏာကိုထိပါးကာ တိုက် ခိုက်လာတာ၊ တမူသွမ် ဘုရားကျောင်းအနီး ယနေ့ မနက် နှစ်နိုင်ငံစစ်သားတွေ ပစ်ခတ်တာဟာ ထိုင်းဘက်က စတင်ပစ် ခတ်တာဖြစ်တယ်လို့ ပေးပို့စာမှာရေး သားထားတယ်လို့သိရပါတယ်။

ဒါဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာအပြင် ကုလချာတာ၊ အာဆီယံချာတာတွေကို ချိုးဖောက်တာကြောင့် ဒေသတွင်း တည်ငြိမ်မှုကိုပါ ဆိုးရွားစွပျက်ပြားစေတဲ့အတွက် အားချင်းဝင်ရောက်ဖြေရှင်းပေးဖို့နဲ့ ထိုင်းဘက်က ဆက်လက် အနိုင်ကျင့်တာမျိုးမလုပ်ရေးတားမြစ်ပေးဖို့တောင်းဆိုလိုက်တယ်လို့ ဆိုပါတယ်။

တောင်းဆိုချက်အရ နှစ်နိုင်ငံနယ်နိမိတ်သတ်မှတ်တာကို ၁၉၀၄ ခုနှစ်နဲ့ ၁၉၀၇ ခုနှစ်တို့မှာFranco-Siamese Conventions သဘောတူသတ်မှတ်ချက်နားလည်မှု စာ ချွန်လွှာပေါင်း၂၀၀၀ နီးပါး ရေးထိုးခဲ့တဲ့ကြားကနေ ထိုင်းနိုင်ငံက တစ်ဖက်သက် အခြေအမြစ်မရှိသော အချက်အလက်တွေနဲ့ ကမ္ဘောဒီးယားနိုင်ငံပိုင် နယ်မြေတွေကို ၎င်းတို့ပိုင်နယ်မြေအဖြစ်ပြောဆိုနေခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။

ထိုင်းနိုင်ငံဘက်ကလည်း ဟွမ်ဆန်အနေ နဲ့ ထိုင်းပိုင်နက်အတွင်းကိုပစ်ခတ်တိုက် ခိုက်ဖို့ အမိန့်ပေးစေခိုင်းခဲ့တာကြောင့် စစ်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ နိုင်ငံတကာ ဥပဒေနဲ့အညီတုံ့ပြန်နေသော်လည်း သီးမခံနိုင်တော့တာကြောင့် ထိုင်းစစ်တပ်ကချမှတ်ထားတဲ့ မဟာဗျူဟာစီမံကိန်းအ တိုင်း ပြန်လည်တုံ့ပြန်သွားမယ်လို့ ထိုင်းနိုင်ငံ Khaosod သတင်းဌာနက ဖော်ပြထားပါတယ်။

ထိုင်းစစ်တပ်ဘက်က ချမှတ်ထားပြီဖြစ်တဲ့ မဟာဗျူဟာတွေအတိုင်းပြန်လည် တုံ့ပြန်ဖို့အဆင်သင့်ဖြစ်နေပြီ ဖြစ်သလို ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မှန်ကန်သင့်တော်တဲ့ ထုတ်ပြန်ချက်တွေလုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိမှာ ထိုင်းစစ်ဘက်ဘက်ကလည်းChakkraphong Phuwanat လို့ အမည် ပေးထားတဲ့ မဟာဗျူဟာစစ်‌ဆင်ရေးကိုဆင်နွှဲဖို့ အမိန့်စောင့်ဆိုင်းနေပြီဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး