၂၈ နိုဝင်ဘာ၊ ၂၀၂၄
အလုပ်သမား လူကုန်ကူးမှု တားဆီးကာကွယ်ရေးနဲ့ ရွှေ့ပြောင်းလုပ်သားတွေကို မှီခိုနေရသူတွေအတွက် နောက်ထပ် အလုပ်သမားဝန်ကြီးဌာနက ထပ်တိုးနည်းဥပဒေနှစ်ခု ထုတ်ပြန်ထားကြောင်း ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက ပြောဆိုလိုက်ကြောင်း ဘန်ကောက်ပို့စ်သတင်းစာမှာ နိုဝင်ဘာ ၂၇ ရက်က ဖော်ပြပါတယ်။
ဒီနည်းဥပဒေတွေကို ဝန်ကြီးချုပ် Paetongtarn Shinawatra က လက်မှတ်ရေးထိုးပြီးနောက် ဘုရင်မင်းမြတ်ရဲ့ ခွင့်ပြုချက်နဲ့ တော်ဝင်ပြန်တမ်းမှာ ထုတ်ပြန်မည်ဖြစ်ပြီး ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတို့က ရွှေ့ပြောင်းအလုပ်သမားတွေ အကျုံးဝင်မှာဖြစ်ပါတယ်။
ဒီစည်းမျဉ်းတွေဟာ ရွှေ့ပြောင်းအလုပ်သမားတွေကို လူကုန်ကူးမှုရဲ့ သားကောင်တွေဖြစ်နေခြင်းက အဆုံး သတ်ပြီး ပြည်တွင်းလုပ်သားလိုအပ်ချက်နဲ့အညီ လုံလောက်တဲ့ ရွှေ့ပြောင်းအလုပ်သမား လုပ်သား အင်အားကို ထိန်းသိမ်းထားနိုင်မယ်လို့ ထိုင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး Traisuree Traisaranakul က ပြောဆိုထားပါတယ်။
တော်ဝင်ပြန်တမ်းမှာ ရွှေ့ပြောင်းလုပ်သားတွေရဲ့ သားသမီးတွေဟာ လျှောက်တဲ့နေ့မှာ ၁၈ နှစ်ပြည့်ရင် ဒါမှမဟုတ် စည်းကမ်းချက်ထုပတ်ပြန်တဲ့နေ့မှာ ၁၈ နှစ်ပြည့်ထားရင် အလုပ်ပါမစ်လျှောက်ထားဖို့ အရည်အချင်းပြည့်မီကြောင်း ဖော်ပြထားပါတယ်။
ပုံစာ – တရားမဝင်လုပ်သားတွေကို ရှာဖွေဖမ်းဆီးစဉ်(ပုံဟောင်း)
Photo – ဘန်ကောက်ပို့စ်